45 ပေတရုနဲ့အတူ လိုက်ပါလာလဲ့ အရေဖျားလှီးထားသော ယုံကြည်သူဆိသမျှလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော်တည်းဟူသော လက်ဆောင်ဟို လူမျိုးခြားလို့ အပေါ်နှိုက်လည်း သွန်းလောင်းလဲ့အတွက် ရမ်းဆာ့ အံ့ဩကြအယ်။
အဲပင်းရင် ပေတရုဟ အဲသူလို့အား အိုင်ထဲဟို ခေါ်ဖိတ်ယွေ့ အေးညတွင် အိပ်စေအယ်။ နောက်တနေ့နှိုက် သူဟ အေးသူလို့နဲ့အတူ ထွက်ခွာပင်း၊ ယုပ္ပေမြို့မှ ယုံကြည်သူအချို့လို့လည်း သူနဲ့အတူ လိုက်ပါသွားကြအယ်။
ယေရုရှလင်မြို့သို့ ပေတရု ရောက်လာသောအခါ၊ အရေဖျားလှီးခြင်း ခံထားသော ယုံကြည်သူများဟ သူ့ဟို ဝေဖန်ကြကာ၊
“နင်ဟ အရေဖျားလှီးခြင်းဟို မခံသောသူရဲ့ အိုင်ဟို ဝင်ယွေ့ သူလို့နဲ့အတူ စားသောက်အယ် ဟုတ်မောင့်လဲ့” ဟု ဆိုကြအယ်။
ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။
ပေတရုဟ သူလို့ဟို “နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။
အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေးသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်းအယ်။
တကယ်ပဲ၊ ငါလို့ဟ မွေးရာပါ ယုဒလူများဟု ခေါ်ကြလဲ့အတိုင်း “လူမျိုးခြား အပစ်သားများ” မဟုတ်ပါ။
အေးကျောန့် တချိန်ဟ နင်လို့ဟ ဇာတိအားဖြင့် လူမျိုးခြားများ ဖြစ်ကြပင်း ကိုယ်ကာယနှိုက် လက်ဖြင့် အရေဖျားလှီးထားသောသူလို့ဟ နင်လို့ဟို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြတာဟို သတိရကြလော။