35 အဲလိုလဲ စလို လူမျိုးမဆို ကိုယ်တော်ဟို ကြောက်ရွံ့ယွေ့ တရားသဖြင့် ကျင့်သုံးသူမန်သမျှအား နှစ်သက်လက်ခံအယ်။
ခေါန်းခင်တမန်ဟ မာရိဆေဟို လာယွေ့ “ရမ်းဆာ့ ကောင်းကြီးဟို ခံစားရသော မိနီ၊ နင်နဲ့အတူ ငြိမ်သက်ခြင်း ဆိပါစေ၊ သခင်ဘုရားဟ နင်နဲ့အတူ ဆိအယ်” ဟု ပြောအယ်။
သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။
ပေတရုဟ သူလို့အား “ယုဒအမျိုးသားလို့အတွက် လူမျိုးခြားများဆေ အလည်အပတ်သွားခြင်း အဲဟာမဟုတ်ရင် ပေါင်းဖော်ခြင်းဟ ဘာသာတရားဟ တားမြစ်ထားတာဟို နင်လို့တတ်တိုင်း ကောင်းစွာသိကြအယ်။ အဲလိုလဲ စသူဟိုမျှ စုတ်ပဲ့သောသူ အဲဟာမဟုတ်ရင် မသန့်စင်သူ ဟု မမှတ်ယူရန် ဘုရားသခင်ဟ ငါ့အား ဖော်ပြပီ။
ကိုယ်တော်ဟ သူလို့ဟို ငါလို့နဲ့ ခွဲခြားခြင်း ပြုတော်မမူဘဲ သူလို့ဟ ကိုယ်တော်ဟို ယုံကြည်ခြင်းအားဖြင့် သူလို့ရဲ့ စိတ်နေလုံးဟို သန့်ဆှင်းစေအယ်။
အဲလိုမို့ အေးကာလတွင် ယုဒပြေ၊ ဂါလိလဲပြေနဲ့ ရှမာရိပြေ အရပ်ရပ်လို့တွင် အသင်းတော်ဟ ငြိမ်းချမ်းစွာ နေရလေအယ်။ သခင်ဘုရားအား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် သက်ဝင်လှုပ်ဆှားလျက် သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာ အရေအတွက် တိုးတက် များပြားလာလေအယ်။
အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူလို့ဟ ဘုရားသခင် ဆေ့တော်နှိုက် ဖြောင့်မတ်ကြတာ မဟုတ်၊ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။
ပညတ်တရား မဆိသော လူမျိုးခြားလို့ဟ ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များဟို အလိုအလျောက် လိုက်နာကျင့်သုံးကြသောအခါ သူလို့နှိုက် ပညတ်တရား မဆိသော်လည်း သူလို့တတ်တိုင်းဟ မိမိလို့အတွက် ပညတ်တရား ဖြစ်လာကြအယ်။
ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။
အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
ချစ်မိတ်ဆွေလို့၊ ဟေကတိတော်များဟ ငါလို့အတွက် ဖြစ်အယ်။ အဲလိုမို့၊ ငါလို့ဟ ကိုယ်ကာယ အဲဟာမဟုတ်ရင် စိတ်ဝိညာဉ်လို့ရဲ့ အညစ်အကြေး ဆိသမျှလို့မှ မိမိလို့တတ်တိုင်း စင်ကြယ်စေယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့ခြင်းအားဖြင့် မိမိလို့ကိုယ်ဟို သန့်ဆှင်းခြင်းနဲ့ ပြေ့စုံကြကုန်စို့။
အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
သူဟ ချစ်လှစွာသော သားတော်ဟို ငါလို့အား ပေးသော အခမဲ့လက်ဆောင်နဲ့ ဘုန်းကြီးသော ကျေးဇူးတော်ကျောန့် ဘုရားသခင်ဟို ချီးမွမ်းကြစို့။
ခရစ်တော်ဟို ရိုသေလေးစားသောကျောန့် အချင်းချင်း နာခံကြလော့။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။