1 အသက်ကြီးသူ ဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ချစ်သော ဂါယုဆေဟို စာရေးလိုက်အယ်။
ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
တမြို့လုံး ရုန်းရင်း ဆန်ခတ် ဖြစ်လေအယ်။ ပေါလုရဲ့ ခရီးသွားဖော်များဖြစ်လဲ့ မာကေဒေါနိပြေသား ဂါယုနဲ့ အာရိတ္တာခုလို့ဟို ဖမ်းဆီးယွေ့ ပြဇာတ်ရုံကြီးဟို တဟုန်ထိုး ပြေးဝင်သွားကြအယ်။
ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
ငါ့အား ဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်းလို့ ဝတ်ပြုရာ အိုင်ဆှင် ဂါယုဟလည်း နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ မြို့တော် ဘဏ္ဍာထိန်း ဧရတ္တု၊ ငါလို့ရဲ့ ညီအကို ကွာတုဟို လည်းကောင်း နင်လို့အား နှုတ်ဆက်လိုက်အယ်။
ကရိပ္ပုနဲ့ ဂါယုမှ လွဲယွေ့ နင်လို့အထဲမှ စသူ့ဟိုမျှ ငါဟ နှစ်ခြင်း မပေးလဲ့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။
ချစ်ရသော မိတ်ဆွေ၊ နင့်ရဲ့ စိတ်ဝိညာဉ် ကြီးပွားသလိုမျိုး နင်ဟ အရာရာနှိုက် ကြီးပွားယွေ့ ကျန်းမာပါစေဟု ငါ ဆုတောင်းအယ်။