2 ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ဘုရားသခင် ချစ်ယွေ့ သန့်ဆှင်းသူများအဖြစ် ခေါ်ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာဟို ငါ ရေးလိုက်ပါအယ်၊ ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက် ဆိပါစေ။
ငါလို့အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နေ့နှိုက် နင်လို့ဟ အပစ်တင်ခွင့်နဲ့ ကင်းလွတ်စေမဲ့အကျောန်း ကိုယ်တော်ဟ နင်လို့အား အဆုံးတိုင်အောန် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ငါ့ညီအကိုလို့၊ ငါလို့ဟ နင်လို့အတွက် ဘုရားသခင်ဟို အမြဲတမ်း ကျေးဇူးတင်ရမယ်။ အေးလို့ လုပ်ခြင်းဟလည်း မန်ကန်အယ်။ ပစာကို့ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ရမ်းဆာ့ တိုးပွားယွေ့ အချင်းချင်းအပေါ်နှိုက် ထားသော နင်လို့တဦးချင်း ချစ်ခြင်းမေတ္တာဟလည်း ပွားများလျက် ဆိအယ်။