15 သူဟ နင်လို့အားလုံးရဲ့ နာခံမှုနဲ့ နင်လို့ ဟ သူ့ဟို ကြောက်ရွံ့တုန်လှုပ်လျက် ကြိုဆိုလက်ခံကြတာဟို သတိရသောအခါ နင်လို့ဟို ပိုယွေ့ ချစ်ခင်ကြင်နာအယ်။
မိန်းမဟ သားဖွားသောအခါ မွေးဖွားချိန်ရောက်သောကျောန့် ဒုက္ခဝေဒနာဟို ခံစားရအယ်၊ အဲလိုလဲ လပဲ့မွေးဖွားပင်းသောအခါ ဟေလောကတွင် လူတယောက်ဟို မွေးဖွားလဲ့အတွက် ဝမ်းမြောက်ခြင်းဆိသဖြင့် ခံစားရသော ဒုက္ခဝေဒနာဟို သတိမရတော့ပေ။
ထောင်မှူးဟ မီးတိုင်ဟို တောင်းပင်း ပြေးဝင် လာယွေ့ သူဟ တုန်ပင်း ပေါလုနဲ့ သိလလို့ရဲ့ ခြေထောက်ရင်းမှာ ပျပ်ဝပ်အယ်။
အဲလိုမို့ ငါဟ နင်လို့ဆေဟို လာချိန်နှိုက် အားနည်းယွေ့ ကြောက်ရွံ့ တုန်လှုပ်လျက်၊
နင်လို့ဟ စုံစမ်းနှောက်ယှက်ခြင်းဟို စလောက် ခံနိန်ရည်ဆိပင်း ငါ့ညွှန်ကြားချက်တွေဟို အမြဲနာခံဖို့ အဆင်သင့်ဖြစ် မဖြစ်သိချင်သောကျောန့် ဟေစာဟို ငါရေးသားခဲ့ခြင်း ဖြစ်အယ်။
ငါလို့ဟ ငါလို့ရဲ့ ချစ်ခင်စိတ်ဟို နင်လို့ဆေမှ ကန့်သတ် ပိတ်ပင်ထားတာ မဟုတ်၊ အားပေမဲ့ နင်လို့ဟ ငါလို့ရဲ့ ချစ်ခင်စိတ်ဟို ငါလို့ဆေမှ ကန့်သတ် ပိတ်ပင်ထားခြင်း ဖြစ်အယ်။
ကျွန်ဖြစ်သူလို့၊ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နင့်ရဲ့ လောကီသခင်ကို နာခံလော့၊ အားပင်း ခရစ်တော်ရဲ့ အမှုတော်ကို ဆောင်ရွက်သလိုမျိုး၊ စိတ်ရင်းမန်ဖြင့် ပြုကြလော့။
ငါဟ ခရစ်တော် ယေရှုရဲ့ မေတ္တာဖြင့် နင်လို့အားလုံးဟို စလောက် လွမ်းဆွတ်ကျောန်း ဘုရားသခင်ဟ ငါ့သက်သေ ဖြစ်အယ်။
အဲလိုမို့ ငါချစ်သောသူလို့၊ နင်လို့ဟ အစဉ်နာခံခဲ့လဲ့အတိုင်း ငါရဲ့ မျက်မှောက်နှိုက်သာ မဟုတ်ဘဲ အခု ငါနဲ့ ဝေးကွာလဲ့အခါနှိုက်လည်း ပိုယွေ့ နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိလို့ရဲ့ ကယ်တင်ခြင်းဟို အကောင်ထည်ဖော်ကြလော့။
အဲကျောန့် နင်လို့ဟ ဘုရားသခင် ရွေးချယ်ထားသောသူ၊ သန့်ဆှင်းသောသူ၊ ချစ်ခင်သောသူလို၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကြင်နာခြင်း၊ စိတ်ဆှည်ခြင်းလို့ဟို ယူတင်ဝတ်ဆောင်ကြလော့။
တစုံတယောက်ဟ ဟေစာအားဖြင့် ငါလို့မှာကြားသောစကားဟို နားမထောင်ရင် အေးသူအား အဆှက်ရစေရန် သူ့ဟို မှတ်ထားလျက် သူနဲ့ မပေါင်းဖော်ကြနဲ့။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။