Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ကောရိန္သု 6:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 ဘုရားသခင်ရဲ့ ဗိမာန်တော်နဲ့ ရုပ်တုလို့ အကြားနှိုက် စလိုသဘောတူညီမှု ဆိတုန်း။ ငါလို့ဟ အသက်ဆှင်သော ဘုရားသခင်ရဲ့ ဗိမာန်တော် ဖြစ်ကြအယ်။ ဘုရားသခင်တတ်တိုင်း မိန့်လဲ့အတိုင်း၊ “ငါဟ ငါရဲ့ လူလို့တွင် ကျိန်းဝပ်ပင်း သူလို့ထံတွင် စံနေအယ်၊ ငါဟ သူလို့ရဲ့ ဘုရားသခင် ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူမျိုး ဖြစ်လိမ့်မယ်။”

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကောရိန္သု 6:16
60 ပူးပေါင်းရင်းမြစ်များ  

ရှိမုန် ပေတရုဟ “ကိုယ်တော်သည် အသက်ဆှင်သော ဘုရားသခင်ရဲ့ သားတော်တည်းဟူသော ခရစ်တော် ဖြစ်အယ်” ဟု ဆှောက်အယ်။


“စသူမျှ သခင်နေဦး အစေဟို မခံနိန်။ သခင်တဦးဟို မုန်းယွေ့ တဦးဟို ချစ်လိမ့်မယ်။ သခင်တဦးဟို သစ္စာစောင့်ယွေ့ တဦးဟို မလေးမခန့်ပြုလိမ့်မယ်။ နင်လို့ဟ တချိန်တည်းနှိုက် ဘုရားသခင်ရဲ့ အစေနဲ့ လောကီစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ။


ယေရှုဟ ပုံဥပမာနဲ့ သူလို့ဟို ပြောတာဟ “စသူမှ အဝတ်ဟောင်းဟို အဝတ်သစ်နဲ့ ဖာလဲ့ စလေ့မဆိ၊ အဲလိုမို့ အဝတ်သစ်ဟို ဖြဲရတာမက ဖာသောအထည်သစ်ဟ အဝတ်ဟောင်းနဲ့ မကိုက်ညီဘဲ ဆိလိမ့်မယ်။


ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။


ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သောသူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။


ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။


အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။


ပင်းတော့ ‘နင်လို့ဟာ ငါရဲ့ လူ မဟုတ်’ ဟု အပြောခံရသော အဲနေရာနှိုက် အသက်ဆှင်သော ဘုရားသခင်ရဲ့ သား ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်” ဟု မိန့်အယ်။


နင်လို့ဟ သခင်ရဲ့ မုတ်မှ စပျစ်ယေဟို သောက်ယွေ့ နတ်ဆိုးရဲ့ မုတ်မှ စပျစ်ယေဟိုလည်း မသောက်နိန်။ သခင်ဘုရားရဲ့ စားပွဲနှိုက် စားယွေ့ နတ်ဆိုးများရဲ့ စားပွဲနှိုက်လည်း မစားနိန်။


နင်လို့ ကိုယ်ခန္ဓာဟ ဘုရားသခင် ပေးသနားသော ဝိညာဉ်တော် တည်းဟူသော၊ နင်လို့အထဲနှိုက် ကျိန်းဝပ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကျောန်းဟို နင်လို့ မသိကြသလော။ နင်လို့တတ်တိုင်းဟို နင်လို့ မပိုင်၊ အားပေမဲ့ ဘုရားသခင်ဟ ပိုင်အယ်။


တမန်တော်များနဲ့ ပရောဖက်များရဲ့ အုတ်မြစ်ပေါ်တွင် ခရစ်တော် ယေရှု တတ်တိုင်း ထောင့်ချုပ်ကျောက်တိုင် ဖြစ်အယ်။ ထောင့်ကျောက်တိုင်အဖြစ် တည်ဆောက်ခဲ့အယ်။


ဘုရားသခင်ဟ သူရဲ့ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်သောနေရာဖြစ်ရန် နင်လို့ဟလည်း အေးသခင်နှိုက် အတူတကွတည်ဆောက်ခြင်းခံရကြအယ်။


အားပင်း ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ဟ နင့်စိတ်နေလုံးတွင် ကျိန်းဝပ်စေရန် ငါ ဆုတောင်းပါအယ်။ နင်လို့ဟ ချစ်ခြင်းမေတ္တာနှိုက် အမြစ်တွယ်ယွေ့ အုတ်မြစ်ချကာ၊


ငါ နှောင့်နှေးကြန့်ကြာနေခဲ့ရင် သမ္မာတရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်ဖြစ်လဲ့ အသက်ဆှင်သော ဘုရားသခင်ရဲ့ အသင်းတော် တည်းဟူသော ဘုရားသခင်ရဲ့ အိုင်တော်တွင် စလို ပြုမူကျင့်ကြံသင့်တာဟို နင်သိဆိနိန်ရန် ဖြစ်အယ်။


နင်နှိုက် အပ်ထားလဲ့ ကောင်းမြတ်သောအရာဟို ငါလို့နှိုက် ကိန်းဝပ်လဲ့ သန့်ဆှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် စောင့်ဆှောက်လော့။


ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။


နောင်ကာလနှိုက် ဣသရေလအမျိုးသားလို့နဲ့ ငါပြုမဲ့ ပဋိညာဉ်မှာ ငါ ထာဝရဘုရားဟ ငါ့ပညတ်များဟို သူလို့ရဲ့ စိတ်နေလုံးထဲဟို ထည့်သွင်းယွေ့ သူလို့ရဲ့ နေလုံးပေါ်မှာ ရေးသားမယ်။ ငါဟ သူလို့ ဘုရား ဖြစ်ယွေ့ သူလို့ဟလည်း ငါရဲ့ လူ ဖြစ်ကြလိမ့်မယ်။


အဲဟာမဟုတ်ရင် ကျမ်းစာဟ “ကိုယ်တော်သည် ငါလို့နှိုက် ကိန်းဝပ်စေသော ဝိညာဉ်တော်ဟို သဝန်တိုသော သဘောဖြင့် တောင့်တအယ်” ဟု အကျောန်းမဲ့ဆိုထားအယ်ဟု နင်လို့ ထင်ကြသလော။


နင်လို့တတ်တိုင်းလည်း အသက်ဆှင်သော ကျောက်လိုမျိုး ဝိညာဉ်ရေးဆိုင်ရာ အိုင်အဖြစ် တည်ဆောက်ခြင်းဟို ခံကြလော့။ ဟေဟာဟ နင်လို့သည် သန့်ဆှင်းသော ယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင် နှစ်သက်လက်ခံသော ဝိညာဉ်ရေးဆိုင်ရာ ယဇ်များဟို ယေရှု ခရစ်တော်အားဖြင့် ပူဇော်နိန်ရန် ဖြစ်အယ်။


ဘုရားသခင်ဟို စသူမျှ မမျော်ဖူး၊ အားပေမဲ့ ငါလို့ အချင်းချင်း ချစ်ကြရင် ဘုရားသခင်ဟ ငါလို့နှိုက် တည်ယွေ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ပြေ့စုံအယ်။


စသူမဆို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်း ဝန်ခံရင် ဘုရားသခင်ဟ အဲသူနှိုက် တည်ယွေ့ အဲသူဟလည်း ဘုရားသခင်နှိုက် တည်အယ်။


“ဧဖက်မြို့နှိုက် ဆိသော အသင်းတော်ရဲ့ ခေါန်းခင်တမန်ဆေဟို ဟေသို့ ရေးလိုက်လော့။ “ဟေဩဝါဒဟ ကြယ်ခုနေလုံးဟို လက်ယာဘက်တွင် ကိုင်ကာ ဆွေမီးခုံ ခုနေခု အကြားတွင် သွားလာနေသူရဲ့ ဆေမှ ဖြစ်အယ်။


အဲပင်းရင် ပလ္လင်တော်မှ အသံအကျယ်ရီးဖြင့် “ကျေ့လော့၊ ဘုရားသခင်ရဲ့ တဲတော်ဟ လူလို့တွင် ဆိယွေ့ ကိုယ်တော်ဟ သူလို့နဲ့အတူ ကျိန်းဝပ်လိမ့်မယ်။ သူလို့ဟလည်း ကိုယ်တော်ရဲ့ လူမျိုးတော် ဖြစ်ကြပင်း ဘုရားသခင်တတ်တိုင်း သူလို့နဲ့အတူ ဆိယွေ့ သူလို့ရဲ့ ဘုရားသခင် ဖြစ်ကြလိမ့်မယ်။


အောန်မြင်သောသူဟ ဟေအရာလို့ဟို အမွေဆက်ခံရလိမ့်မယ်။ ငါဟ သူရဲ့ ဘုရားသခင် ဖြစ်မယ်၊ သူဟလည်း ငါရဲ့ လူပဲ့သငယ် ဖြစ်လိမ့်မယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ