15 ခရစ်တော်နဲ့ စာတန်ဟ စလို သဘောတူနိန်မှာတုန်း။ ယုံကြည်သူဟ မယုံကြည်သူနဲ့ စလို တူညီမှုဆိနိန်မှာတုန်း။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
အဲလိုလဲ သခင်ဘုရားဟို ယုံကြည်သူ ယောက်ျားနဲ့ မိန်းမ အရေအတွက်ဟ ပိုယွေ့ များပြားလာအယ်။
ပေတရုဟ “နင်ဟ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟို ပိတ်ဆန်နဲ့ ဝယ်ယူမယ်ဟု ထင်သောကျောန့် နင်ရဲ့ ပိတ်ဆန်ဟ နင်နဲ့အတူ ပျက်စီးပါစေ။
ညီအကိုချင်းလို့ဟ တရားတွေ့တာ သာမက၊ မယုံကြည်သော သူလို့ဆေ့နှိုက်ပင် တရားတွေ့ကြအယ်။
စသူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိုင်သူအိုင်သားလို့ဟို ဂရုမစိုက်ဘဲနေရင် အဲသူဟ ယုံကြည်ခြင်းဟို ငြင်းပယ်ပီ ဖြစ်ယွေ့ မယုံကြည်သူထက်ပင် ဆိုးရွားအယ်။
ကိုယ်တော်အား သေသောသူလို့ထဲမှ ထမြောက်စေယွေ့ ဘုန်းအသရေပေးသော ဘုရားသခင်ဟို ကိုယ်တော်အားဖြင့် နင်လို့ ယုံကြည်ကြအယ်။ အေးလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းလို့ဟ ဘုရားသခင်ထဲနှိုက် တည်ဆိကြအယ်။