17 ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
ရွှင်လန်းဝမ်းသာကြလော့၊ ခေါန်းခင်ဘုံတွင် နင်လို့ရမဲ့ ဆုဟ ကြီးအယ်။ ဟိုအရင်ခါဟ ဆိခဲ့လဲ့ ပရောဖက်လို့ဟို အေးတိုင်းတိုင်း နှိပ်စက်ခံရကြပီ။
အေးလို့ ကြုံတွေ့ရသောအခါ ဝမ်းမြောက်ကြလော့၊ ဝမ်းမြောက်လဲ့အတွက် ခုန်ကကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံမှာ နင်လို့ဆုဟ ရမ်းဆာ့ ကြီးအယ်။ သူလို့ရဲ့ ဖိုးဖေးများဟ ပရောဖက်များလို့ဟို အေးလို့ ပုံစံအတိုင်း လုပ်ခဲ့ကြအယ်။
သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။
တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။
အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခဟို ငါလို့အား ပေါ်လွင်ထင်ဆှားမဲ့ ဘုန်းအသရေနဲ့ နှိုင်းယှဉ်ယွေ့ မရဟု ငါထင်အယ်။
အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။
မဟုတ်ပါ။ အေးအရာအားလုံးလို့တွင် ငါလို့ဟို ချစ်သောသူအားဖြင့် အောင်မြင်လျက် ဆိအယ်။
ကျမ်းစာလာလဲ့အတိုင်း၊ “ဘုရားသခင်ဟ စသူမျှ မမျော် မကြားစဖူးဖြစ်မယ်ဟု စသူမျှ မထင်မမှတ်ဖူးလဲ့ အမှုအရာဟို မိမိအား ချစ်သောသူလို့အဖို့ ပြင်ဆင်ထားလေအယ်။”
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
ပစာကို့ နင်လို့ရဲ့ ဆုတောင်းခြင်းများနဲ့ ယေရှု ခရစ်တော်ရဲ့ ဝိညာဉ်တော်ဆေမှ လာသော ကူညီမစခြင်းအားဖြင့် ငါဟ ဟေအနှောင်အဖွဲ့မှ လွတ်မြောက်မယ်ဟု ငါသိအယ်။
အေးကျောန့် ငါလို့ဟ ဘုရားသခင်ရဲ့ အသင်းတော်များနှိုက် နင်လို့အကျောန်းဟို ဝါကြွားကြအယ်။ နင်ကြုံတွေ့နေရသော နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခအားလုံးဟို နင်ဆက်လက်ခံနိန်ရည်ဆိပင်း ယုံကြည်ပုံနဲ့ပတ်သက်ယွေ့ ငါလို့ ကြွားဝါပါအယ်။
ဘုရားသခင်ဟ ဖြောင့်မတ်သော အမှုဟို ပြုလိမ့်မယ်၊ နင်လို့ဟို ဒုက္ခရောက်စေသော သူလို့အပေါ် ဒုက္ခရောက်စေပင်း၊
အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။
စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။
နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —