16 ဟေအကျောန်းကျောန့် ငါလို့ဟ ပစာခါမျှ စိတ်ပျက် အားမလျော့ကြ။ ငါလို့ရဲ့ ကိုယ်ခန္ဓာဟ တဖြည်းဖြည်း ယိုယွင်းပျက်စီးလျက် ဆိသော်လည်း ငါလို့ရဲ့ ဝိညာဉ်မူ တနေ့ထက်တနေ့ အသစ်ပြုပြင်ခြင်းဟို ခံရအယ်။
ငါလို့ နေ့စဉ် လိုအပ်လဲ့ အစားအစာဟို နေ့တိုင်းပေးပါ၊
နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။
ငါရဲ့ အတွင်းစိတ်ဟ ဘုရားသခင်ရဲ့ ပညတ်တရားနှိုက် မွေ့လျော်ပါအယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
ငါဟ နင်လို့ဟို ကူညီရန် ဝမ်းမြောက်စွာ မိမိတတ်တိုင်းဟို လည်းကောင်း မိမိရဲ့ ဥစ္စာနဲ့ အားအင်ကုန်ခန်းစေမယ်။ ငါဟ နင်လို့ဟို ဟေမျှချစ်ရင် နင်လို့ဟ ငါ့ဟို လျော့ယွေ့ ချစ်ကြမယ်လော။
အဲကျောန့် ဘုရားသခင်ဟ ကရုဏာတော်ဖြင့် ငါလို့အား ဟေအမှုတော်လုပ်ငန်းဟို လုပ်ဆောင်ရန် ပေးအပ်သောကျောန့် ငါလို့တွင် စိတ်ပျက်အားလျော့ခြင်း မဆိ။
ဘုရားသခင်ဟ မိမိရဲ့ ဘုန်းအသရေကြွယ်ဝမှုနဲ့အညီ နင်ရဲ့အတွင်းစိတ်နှိုက် ခိုင်ခံ့စေခြင်းငှာ၊ ဝိညာဉ်တော်အားဖြင့် နင့်အား တန်ခိုးတော်ပေးသနားရန် ဘုရားသခင်ကို ငါ တောင်းဆှောက်အယ်။
နင့်စိတ်သဘောထားကို အသစ်ဖြစ်စေရန်၊
လူသစ်ဟို ဝတ်ဆင်ကြလေပီ။ ဖန်ဆင်းသောသူရဲ့ ပုံသဏ္ဌာန်နဲ့အညီ မန်သော အသိပညာအားဖြင့် အသစ်ပြုပြင်လျက် နေအယ်၊ ဟေသို့ပြုခြင်းမှာ နင်လို့ဟ ကိုယ်တော်ဟို ပြေ့ဝစုံလင်စွာ သိကျွမ်းလာကြစေရန် ဖြစ်အယ်။
ကိုယ်တော်ဟ ငါလို့ပြုခဲ့လဲ့ ဖြောင့်မတ်သော အကျင့်အားဖြင့် မဟုတ်ဘဲ မိမိရဲ့ ကရုဏာတော်နဲ့အညီ အသစ်မွေးဖွားခြင်းနဲ့ဆိုင်သော ဆေးကြောခြင်းနဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အသစ်ပြုပြင်ခြင်းလို့အားဖြင့် ငါလို့ဟို ကယ်တင်အယ်။
နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။
နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။