10 အခု ရမ်းဆာ့တောက်ပသော ဘုန်းအသရေကျောန့် မခင်ဟ ရမ်းဆာ့တောက်ပသော ဘုန်းအသရေဟ ပျောက်ကွယ်သွားအယ်ဟု ဆိုနိန်အယ်။
မွန်းတည့်ချိန်တွင် လမ်းမှာ နေရောင်ထက်မက ထွန်းလင်းတောက်ပလဲ့ အလင်းရောင်ဟို ငါမှစပင်း ငါနဲ့အတူ ခရီးသွားသောသူများ ပတ်လည်နှိုက် ခေါန်းခင်မှ တောက်ပတာဟို ငါမျော်ရပါအယ် အဆှင်မင်းကြီး။
အကျောန်းမှာ ခဏမျှသာ တည်သောအမှုနှိုက် ဘုန်းအသရေဆိရင်၊ ထာဝစဉ် တည်သောအမှုနှိုက် စလောက်ပိုယွေ့ ဘုန်းအသရေ ဆိလိမ့်မလုန်း။
အပစ်စီရင်ခြင်းဆိုင်ရာ တရားဟ ဘုန်းအသရေနဲ့ ပြေ့စုံရင် ဖြောင့်မတ်ခြင်းဆိုင်ရာ အလုပ်ဟ စလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။
အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဆေမှ ဂုဏ်တော်နဲ့ ဘုန်းတော်ဟို ကိုယ်တော်ခံယူစဉ် ကြီးမြတ်သော ဘုန်းအသရေထဲမှ “ဟေသူဟ ငါချစ်သော ငါ့သား ဖြစ်အယ်။ သူ့ဟို ငါ နှစ်သက်အယ်” ဟူသော အသံတော်ဟ ကိုယ်တော်ဆေဟို ရောက်ဆိလာအယ်။
ညဟ ဆိတော့မှာ မဟုတ်။ ထာဝရအဆှင် ဘုရားသခင်ဟ သူလို့အပေါ် ထွန်းလင်းတာ ဖြစ်ယွေ့ မီးဖူးရဲ့ အလင်းနဲ့ နေရဲ့ အလင်းလို့ လိုအပ်တော့ဝူး။ သူလို့ဟ ကမ္ဘာအဆက်ဆက် စိုးစံကြလိမ့်မယ်။