1 အခု တတိယအကြိမ် နင်လို့ဆေဟို ငါလာခဲ့မယ်။ ကျမ်းစာဟ ဖော်ပြသလို “သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံးဟ အတည်ပြုခြင်း ခံရလိမ့်မယ်။”
အဲလိုလဲ သူဟ နင့်ရဲ့ စကားဟို နားမထောင်ရင် ‘သက်သေ နေယောက် အဲဟာမဟုတ်ရင် သုံးယောက်ရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံး အတည်ဖြစ်စေရန်’ ကျမ်းစာလာလဲ့အတိုင်း တယောက် အဲဟာမဟုတ်ရင် နေယောက်ဟို ခေါ်လော့။
အခု ငါဟ နင်လို့ဆေဟို တတိယကြိမ်လာရန် အသင့်ဆိအယ်၊ အားပေမဲ့ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ် မဟုတ်။ အကျောန်းမှာ ငါဟ နင်လို့ရဲ့ ဥစ္စာများဟို အလိုဆိတာ မဟုတ်၊ နင်လို့ဟိုသာ အလိုဆိအယ်။ လူပဲ့သငယ်လို့ဟ မိဘလို့အတွက် စုဆောင်းရတာ မဟုတ်ဘဲ မိဘလို့ဟသာ လူပဲ့သငယ်လို့အတွက် စုဆောင်းရအယ်။