17 နင်လို့ဆေဟို ငါစေလွှတ်ခဲ့လဲ့သူများထဲမှ တစုံတယောက်အားဖြင့် နင်လို့ဟို ငါအမြတ်ထုတ်ခဲ့ဖူးသလော။
သူမဟ ရမ်းဆာ့သော ဆရာဝန်လို့ရဲ့ ကုသမှုဟို ခံရအယ်ဟုပင် ထင်ခဲ့အယ်။ သူမဟာ သူမရဲ့ ပိတ်ဆန်အားလုံးဟို အကုန်သုံးစွဲခဲ့အယ်၊ အားပင်မဲ့ ပိုကောင်းလာမဲ့အစား သူမဟ ပိုပိုဆိုးလာအယ်။
တိမောသေဟ နင်လို့ဆေသို့ ရောက်ရင် သူဟ စိုးရိမ်ခြင်းအကျောန်း မဆိဘဲ၊ နင်လို့နဲ့အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူဟ ငါကဲ့သို့ပင် သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်သောသူ ဖြစ်အယ်။
အဲအကျောန်းကျောန့် သခင်ဘုရားနှိုက် သစ္စာဆိသော ငါရဲ့ ချစ်သား တိမောသေဟို နင်လို့ဆေ ငါ စေလွှတ်အယ်။ ခပ်သိမ်းသောအရပ်လို့နှိုက် ခပ်သိမ်းသော အသင်းတော်လို့ဟို ငါသွန်သင်တာနဲ့အညီ ငါဟ ယေရှု ခရစ်တော်နှိုက် ကျင့်သော အကျင့်ဓလေ့များဟို နင်လို့ဟ မှတ်မိစေရန် သူဟ ပြသတိုက်တွန်းလိမ့်မယ်။
ငါဟ တိတုဟို နင်လို့ဆေသို့ လာရန် တိုက်တွန်းယွေ့ သူနဲ့အတူ ယုံကြည်သူတဦးဟို စေလွှတ်ခဲ့အယ်။ တိတုဟ နင်လို့ဟို အမြတ်ထုတ်ခဲ့သလော။ ငါလို့ဟ တူညီသော စိတ်သဘောဖြင့် ခြေရာတထပ်တည်း ဆှောက်လှမ်းခဲ့တာ မဟုတ်လော။
အဲကျောန့် နင်လို့ ကတိပြုခဲ့လဲ့အတိုင်း ဟေအလှူဟို ပြင်ဆင်နိန်ရေးအတွက် အေးယုံကြည်သူလို့အား နင်လို့ဆေဟို ဦးစွာလာဖို့ တိုက်တွန်းရန် လိုအပ်တာဟု ငါထင်မှတ်အယ်။ ငါရောက်လာသောအခါ အလှူ အသင့်ပြင်ဆင်ထားပင်း ဖြစ်ယွေ့ နင်လို့ဟ တာဝန်အရ ပေးကမ်းခြင်း မဟုတ်ဘဲ စေတနာအရ ပေးကမ်းကျောန်း ထင်ဆှားလိမ့်မယ်။