15 အဲလိုမို့ စာတန်ရဲ့ အစေခံများဟ ဖြောင့်မတ်ခြင်းရဲ့ အစေခံများလို အယောင်ဆောင်ကြရင် အံ့ဩစရာ မဟုတ်။ အဲသူလို့ရဲ့ နိဂုံးဟ သူလို့ပြုသောအမှုများအတိုင်း ဖြစ်လိမ့်မယ်။
“စဉ်းလဲခြင်းအပေါင်းနဲ့ လှည့်စားမှု ဆိသမျှလို့ဖြင့် ပြေ့ဝသူ၊ မာရ်နတ်ရဲ့ သား၊ ဖြောင့်မတ်ခြင်း အပေါင်းလို့ရဲ့ ရန်သူ၊ နင်ဟ ထာဝရဘုရားရဲ့ ဖြောင့်မတ်သောလမ်းဟို ကွေ့ကောက်အောန် လုပ်ခြင်းမှ မရပ်တန့်ဘဲ နေမလော။
ဘုရားသခင်ဟ လူအယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။
“အကောင်းဖြစ်လာစေရန် အဆိုးဟို ငါလို့လုပ်ကြ” လို့ ပြောယွေ့ မရနိန်သလော။ အေးလို့ပင် ငါဟောတာဟို လူတချို့လို့ဟ အပစ်တင် စွပ်စွဲပင်း ငါ့ဟို စော်ကားကြလေပီ၊ အေးလူလို့ဟ အပစ်ဒဏ် စီရင်ခြင်းဟို ခံထိုက်တဲ့အတိုင်း အမန်ခံရကြလိမ့်မယ်။
ငါလို့ဟ နင်လို့နှိုက် ဝိညာဉ်မျိုးစေ့ဟို စိတ်ခဲ့ပင်းမှ နင်လို့ဆေမှ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများဟိုသာ ရိတ်သိမ်းရလျှင် ငါလို့ ရမ်းဆာ့ လွန်ရာကျမယ်လော။
အကျောန်းမှာ အဲသူလို့ဟ ခရစ်တော်ရဲ့ တမန်တော်များအဖြစ် အယောင်ဆောင်နေကြလဲ့ တမန်တော် အတုယောင်များ၊ လှည့်စားတတ်သော လုပ်သားများ ဖြစ်ကြအယ်။
သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
အပစ်စီရင်ခြင်းဆိုင်ရာ တရားဟ ဘုန်းအသရေနဲ့ ပြေ့စုံရင် ဖြောင့်မတ်ခြင်းဆိုင်ရာ အလုပ်ဟ စလောက် သာယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံလိမ့်မလုန်း။
အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။
အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
သူလို့ဟ လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသော စကားများဟို ပြောဆိုလျက် နင်လို့အပေါ် အမြတ်ထုတ်ကြလိမ့်မယ်။ သူလို့ ခံရမဲ့ ပစ်ဒဏ်စီရင်ခြင်းဟ ဆေ့မခင်ကပင် ဖင့်နှေးခြင်း မဆိ။ သူလို့ရဲ့ ပျက်စီးခြင်းဟလည်း အိပ်ယွေ့ မမွေ။
အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။
သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။
ငါမျော်သော အဲသားရဲဟ ကျားသစ်နဲ့ တူအယ်။ သူရဲ့ ခြေဟ ဝက်ဝံခြေလိုမျိုး ဖြစ်ပင်း သူရဲ့ စလောင်ဟ ခြင်္သေ့စလောင်လိုမျိုး ဖြစ်အယ်။ နဂါးဟ မိမိရဲ့ တန်ခိုး၊ မိမိရဲ့ ပလ္လင်နဲ့ ကြီးမားသော အခွင့်အာဏာဟို သူ့အား ပေးအပ်အယ်။
သူလို့ရဲ့ ဘုရင်ကား တွင်းနက်ကြီးရဲ့ ခေါန်းခင်တမန် ဖြစ်အယ်။ သူရဲ့ နာမယ်မှာ ဟေဗြဲဘာသာစကားဖြင့် “အဗဒ္ဒုန်” ဟူယွေ့ လည်းကောင်း၊ ဟေလသဘာသာအားဖြင့် “အပေါလျုန်” ဟူယွေ့ လည်းကောင်း ဖြစ်အယ်။ အပေါလျုန်ရဲ့ အနက်မှာ “ဖျက်ဆီးသူ” ဟူယွေ့ ဖြစ်အယ်။