8 အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။
နင်လို့ဟ ပစာအရာဟို ယုံကြည်ရမယ်ဟို နင်လို့အား အမိန့်ပေးရန် ငါလို့ ကြိုးစားနေခြင်း မဟုတ်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ခိုင်မာလျက် ဆိကျောန်း ငါလို့ သိကြအယ်။ အားပေမဲ့ ငါလို့ဟ နင်လို့ရဲ့ ဝမ်းမြောက်ခြင်းအတွက် နင်လို့နဲ့အတူ အလုပ်လုပ်သောသူ ဖြစ်အယ်။
ငါလို့ စွဲကိုင်လဲ့ လက်နက်များဟ လူသားလို့ စွဲကိုင်လဲ့ လက်နက်များ မဟုတ် အားပေမဲ့ ခံတပ်များဟို ဖြိုဖျက်နိန်လဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ပြေ့စုံသော လက်နက်များ ဖြစ်အယ်။ ငါလို့ဟ မမန်ကန်လဲ့ ဆွေးနွေးငြင်းခုံချက်များ၊
ငါဟ နင်လို့ဟို စာများဖြင့် ခြောက်လှန့်နေအယ်ဟု မထင်စေလို။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ငါဟ ဝါကြွားရန် အလိုဆိရင်လည်း အမန်ဟိုသာ ပြောမယ်ဖြစ်ယွေ့ မိုက်မဲသောသူဖြစ်မယ် မဟုတ်၊ အားပေမဲ့ စသူမျှ ငါ့ဟို မျော်ရတာထက် အဲဟာမဟုတ်ရင် ငါ့အကျောန်းဟို ကြားရတာထက် ပိုယွေ့ ငါ့ဟို မထင်မြင်မိစေရန် ငါမဝါကြွားဘဲ နေမယ်။
ဟေအကျောန်းကျောန့် ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရား ပေးသောအခွင့်အာဏာဟို ငါရောက်လာသောအခါ ပြင်းထန်စွာ အသုံးမချရန် ငါဟ နင်လို့နဲ့ ကွဲကွာနေစဉ် ဟေအကျောန်းအရာများဟို ငါရေးလိုက်အယ်။
အကျောန်းမှာ ငါလို့ဟ သမ္မာတရားဟို ဆန့်ကျင်ယွေ့ စလိုအမှုဟိုမျှ မပြုနိန်ကြ၊ အားပေမဲ့ သမ္မာတရားဘက်နှိုက် နေယွေ့ သာလျှင် ပြုနိန်ကြအယ်။
ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။
ငါဟ နင်လို့ဟို ရမ်းဆာ့ ယုံကြည်စိတ်ချအယ်၊ နင်လို့အတွက် ရမ်းဆာ့ ဂုဏ်ယူအယ်။ ငါဟ နှစ်သိမ့်မှုဟို အပြေ့ဝ ခံစားရယွေ့ ငါလို့ခံရသော ဆင်းရဲဒုက္ခအပေါင်းလို့နှိုက် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝလျက် ဆိအယ်။
လူလို့ဆေမှ မဟုတ်၊ လူ့အားဖြင့်လည်း မဟုတ်ဘဲ ယေရှု ခရစ်တော်နဲ့ ကိုယ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော ခမည်းတော် ဘုရားသခင်အားဖြင့် တမန်တော်ဖြစ်သော ငါ ပေါလုမှစယွေ့၊
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။