14 ငါလို့ဟ နင်လို့ဆေဟို မရောက်နိန်သလို မိမိတတ်တိုင်းဟို အတင်းဆန့်တန်းနေတာ မဟုတ်၊ အကျောန်းမှာ ငါလို့ဟ ခရစ်တော်ရဲ့ သတင်းကောင်းဟို ယူဆောင်ရာနှိုက် နင်လို့ဆေဟို ရောက်လာခဲ့ကြအယ်။
ဟေအကျောန်းအရာဟ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်အကျောန်း သတင်းကောင်း ဖြစ်အယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။
ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။
အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက် ဖြစ်လိမ့်မယ်။
အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ လျှို့ဝှက်ချက်ဟို ဝိညာဉ်တော်အားဖြင့် ငါလို့အား ဖော်ပြအယ်။ ဝိညာဉ်တော်ဟ အရာခပ်သိမ်းဟို သာမက ဘုရားသခင်ရဲ့ လျှို့ဝှက်နက်နဲသော အကြံအစည်လို့ဟို စူးစမ်းဆှာဖွေအယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါခံရတာနဲ့အညီ၊ ကျွမ်းကျင်သော ဗိသုကာကဲ့သို့ တိုက်မြစ်ဟို ချပီ၊ အခြားသောသူဟ အဲတိုက်မြစ်ပေါ်တွင် ထပ်ဆင့်ယွေ့ တည်ဆောက်လေအယ်။ အားပေမဲ့ စလို ထပ်ဆင့်ပင်း တည်ဆောက်တာဟို လူတိုင်း သတိပြုစေ။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
ငါဟ ခရစ်တော်ရဲ့ သတင်းကောင်းအကျောန်းဟို ဟောပြောရန် တရောမြို့ဟို ရောက်သောအခါ၊ သခင်ဘုရားဟ ငါ့အတွက် ထင်ခါးဟို ဖွင့်ပေးအယ်၊
ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။
သမ္မာတရားဟူသော သတင်းကောင်းဟို နင်လို့ ပထမအကြိမ် ကြားရသောအခါ မျော်လင့်ရာအကျောန်းဟို နင်လို့ ကြားရကြအယ်။ အဲလိုမို့ နင်လို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဟ ခေါန်းခင်ဘုံနှိုက် နင်လို့အဖို့ လုံခြုံစွာထားလဲ့ မျော်လင့်ရာအပေါ်မှာ မူတည်လျက်နေအယ်။
ဟေဟာဟ မင်္ဂလာဆိသော ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံလဲ့ ကောင်းမြတ်လဲ့သတင်းနဲ့ ကိုက်ညီအယ်၊ အဲကောင်းမြတ်သော သတင်းကောင်းဟို ငါ့အား ပေးအပ်ထားပီ။