၁ ပေတရု 5:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား1 သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။ အခန်းကိုကြည့်ပါ။ |
အေးအခါ သူလို့ပြုစုသောအရာလို့ဟ မိမိလို့အတွက် မဟုတ်ဘဲ နင်လို့အတွက် ဖြစ်ကျောန်း သူလို့အား ဖွင့်ပြအယ်။ အခု အေးအရာလို့ဟ ခေါန်းခင်ဘုံမှ စေလွှတ်ခြင်းခံရလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သော သတင်းဟို ဟောပြောသူများမှ တဆင့် နင့်လို့ဆေ ဖော်ပြခြင်း ခံရပီ။ ခေါန်းခင်တမန်လို့ပင် အေးအရာလို့ဟို ကျေ့ရှုရန် ရမ်းဆာ့ အလိုဆိကြအယ်။
သူလို့ရဲ့ ရည်ရွယ်ချက်မှာ နင်လို့ရဲ့ယုံကြည်ခြင်း အစစ်အမန်ဖြစ်ကျောန်း သက်သေပြရန် ဖြစ်အယ်။ ဖျက်ဆီးတတ်သော ဆွေကိုပင် မီးဖြင့် စမ်းသပ်ခြင်း ခံရသော်လည်း ဆွေထက်သာယွေ့ အဖိုးတန်သော နင့်ရဲ့ ယုံကြည်ခြင်းကိုလည်း ခံနိန်ရည်ဆိစေရန် စမ်းသပ်ခြင်း ခံရမယ်။ အေးနောက် ယေရှု ခရစ်တော် ပေါ်ထွန်းလဲ့နေ့နှိုက် ချီးမွမ်းခြင်း ဘုန်းအသရေကို ခံရလိမ့်မယ်။