17 အကျောန်းမှာ ဘုရားသခင် အလိုတော်ဆိရင် မကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခ ခံရတာထက် ကောင်းလဲ့အမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံရခြင်းဟ သာယွေ့ ကောင်းအယ်။
အေးနောက် ဆေ့ဟို ကတစ်လေးကြွယွေ့ မြေပေါ်တွင် ပျပ်ဝပ်ပင်းရင် “အို ငါ့ရဲ့အဖ၊ ဖြစ်နိန်ပါဟ ဟေဝေဒနာမုတ်ဟို ငါ့ဆေမှ လွဲဖယ်ပေးပါ။ အဲလိုလဲ ငါရဲ့ အလိုအတိုင်း မဟုတ်ပါ၊ ကိုယ်တော်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
အေးနောက် ကိုယ်တော်ဟ ဒုတိယအကြိမ် ကြွသွားပြန်ယွေ့ “ငါရဲ့အဖ၊ ဟေဝေဒနာမုတ်ဟို ငါမသောက်ဘဲ လွဲသွားရန် မဖြစ်ပါဟ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်စေပါ” ဟု ဆုတောင်းအယ်။
အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။
ငါလို့ဟ သူဟို ဖျောင်းဖျယွေ့ မရသောကျောန့် “သခင်ဘုရားရဲ့ အလိုအတိုင်း ဖြစ်ပါစေ” ဟု ဆိုကာ လက်လျော့လိုက်ကြအယ်။
နင်လို့ဟ အခုအချိန်တွင် စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုးကျောန့် အချိန်ခဏ ဝမ်းနည်းရရင်လည်း အထက်နှိုက် ဆိုခဲ့ပင်းသော အကျောန်းကျောန့် ရွင်လန်းခြင်း ဆိအယ်။
အကျောန်းမှာ ကောင်းသောအမှုဟို ပြုခြင်းအားဖြင့် လူမိုက်လို့ရဲ့ အသိဉာဏ်ကင်းမဲမှုဟို တိတ်ဆိတ်စေခြင်းဟ ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။
နင်လို့ဟ အပစ်လုပ်ယွေ့ ဖိုင်ခြင်းဟို သည်းခံရင် စလိုချီးမွန်းစရာ ဆိမလုန်း။ အဲလိုလဲ ကောင်းသောအမှုဟို လုပ်ယွေ့ ဆင်းရဲဒုက္ခခံစားရတာဟို သည်းခံရင် ဘုရားသခင် ဆေ့နှိုက် ဂုဏ်ယူဖွယ် ဖြစ်အယ်။
အဲလိုလဲ ဖြောင့်မတ်ခြင်းကျောန့် ဆင်းရဲဒုက္ခ ခံရရင်တောင် နင်လို့ဟ မင်္ဂလာ ဆိအယ်။ သူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို မကြောက်ကြနဲ့၊ မစိုးရိမ်ကြနဲ့။
နင်လို့တွင် လူသတ်သမားအဖြစ် ဖြစ်စေ၊ သူခိုးအဖြစ် ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ် ဖြစ်စေ၊ သူတပါးအမှုနှိုက် ဝင်ရောက်စွက်ဖက်သူအဖြစ် ဖြစ်စေ၊ ဆင်းရဲဒုက္ခခံရမယ့်သူ တစုံတဦးမှ မဆိစေနဲ့။
အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။