7 အဲလိုမို့ အေးကျောက်ဟို ယုံကြည်သော နင်လို့အတွက် တန်ဖိုးဆိအယ်။ အဲလိုလဲ မယုံကြည်သော သူလို့အတွက်ဟ၊ “တိုက်ဆောက်သူများ ပယ်ထားသော ကျောက်ဟ အရေးကြီးဆုံးသော ထောင့်ချုပ်ကျောက်” ဖြစ်လာပင်း
ယေရှုဟ သူလို့အား၊ “ ‘တိုက်တည်သူလို့ ပယ်ထားသော ကျောက်ဟ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက် ဖြစ်လာရအယ်။ ဟေအမှုဟ ဘုရားသခင်ပြုသောအမှု ဖြစ်အယ်။ ငါလို့ မျက်မှောက်တွင် အံ့ဩဖွယ်ရာဖြစ်လေစွ’ ဟူသော ကျမ်းစာဟို နင်လို့ မဖတ်ဖူးကြသလော။
လူမျိုးခြားလို့အား ကိုယ်တော်ရဲ့ အလိုတော်ဟို ဖော်ပြသော အလင်းဖြစ်စေရန်နဲ့ ကိုယ်တော်ရဲ့ လူမျိုးဖြစ်သော ဣသရေလဟ ဘုန်းတော်ထွန်းလင်း လာစေရန် ဖြစ်အယ်” ဟု ကျေးဇူးတော်ဟို ချီးမွန်းအယ်။
ရှုမောင်ဟ သူလို့ဟို ကောင်းချီးပေးပင်း သူ့မေ မာရိအား၊ “ဟေအောင်နီငယ်ဟို ဣသရေလူမျိုးထဲဟ လူလို့ဟို ဖျက်စီးခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် ရွေးချယ်ထားပီ၊ သူဟ ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာ ဖြစ်ပင်း သူ့ဟို ရမ်းဆာ့သော လူများဟ ဆန့်ကျင် ပြောဆိုလိမ့်မယ်။
ယေရှုဟ သူလို့ဟို ကျေ့လျက် “တိုက်ဟို တည်ဆောက်သောသူများ ‘ပယ်ထားသော ကျောက်ဟ တိုက်ထောင့်ချုပ်ကျောက် ဖြစ်လာရအယ်’ ဟူသော ကျမ်းစကားရဲ့ အဓိပ္ပာယ်ဟ စလို ဆိုလိုလုန်း။
အေးသူလို့ဟ မိန်းမအား “အခု ငါလို့ဟ ကိုယ်တော်အား ယုံကြည်လာကြတာဟ နင့်စကားကျောန့် မဟုတ်၊ ကိုယ်တော်ရဲ့တရားဟို ငါလို့တတ်တိုင်း ကြားကြရသောကျောန့် ဖြစ်အယ်၊ ဟေသူဟ လောကရဲ့ ကယ်တင်ဆှင် အစစ်အမန်ပင်ဖြစ်ကျောန်း ငါလို့ သိကြပီ” ဟု ဆိုကြအယ်။
“အေးကျောန့် အဂြိပ္ပဘုရင်ဟ၊ ငါ ခေါန်းခင်မှ ရဆိလဲ့ ရူပါရုံဟို မနာခံခဲ့ပါ။
ဣသရေလလူမျိုးဟို ရည်မှတ်ယွေ့ “ငါ့ဟို ဆန့်ကျင် ပုန်ကန်ယွေ့ နားမထောင်သော လူမျိုးအား တနေ့လုံး ငါ့လက်ကမ်းလျက် နေအယ်” ဟု ဟောအယ်။
ငါဟ ယုဒပြေဆိ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိန်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရုရှလင်မြို့ဆိ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိန်ကြစေရန် ဆုတောင်းကြလော့။
ပျောက်ကွယ်သွားသူများအတွက် သေစေတတ်သော ရနံ့ဖြစ်ပင်း ကယ်တင်ခြင်းဟို ရောက်သောသူများအတွက်မူ အသက်ဟို ပေးသော မွှေးရနံ့ဖြစ်အယ်။ အဲလိုမို့ ဟေအမှုဟို စသူဟ စွမ်းဆောင်နိန်လုန်း။
နင်လို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသော အသက်ဟို ရဆိကြအယ်။ အဲသူဟ ဝိညာဉ်ရေးဆိုင်ရာ တန်ခိုးနဲ့ အခွင့်အာဏာဆိသူတိုင်းအပေါ်တွင် အမြင့်မြတ်ဆုံး ဖြစ်အယ်။
အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
ပြေ့တန်ဆာ ရာခပ်ဟ ဣသရေလ သူလျှိုလို့အား ဖော်ရွေစွာ လက်ခံခဲ့လဲ့အတွက် ဘုရားသခင်ရဲ့ စကားဟို နားမထောင်သူလို့နဲ့အတူ အသတ်မခံရ။
အဲကျောန့် သူလို့ရဲ့ မနာခံမှု ပုံစံဟို လိုက်ယွေ့ ပြိုလဲမဲ့သူ စသူမျှ မဆိစေဘဲ အဲငြိမ်ဝပ် ချမ်းသာခြင်းထဲဟို ဝင်နိန်မဲ့အကျောန်း ငါလို့ ကြိုးစားကြစို့။
နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
လူလို့ရဲ့ ငြင်းပယ်ခြင်းဟို ခံရပေမဲ့လည်း ဘုရားသခင် ရွေးကောက်သော အဖိုးထိုက်လဲ့ အသက်ဆှင်သော ကျောက်ဖြစ်သော အေးသခင်ဆေဟို လာယွေ့၊
အခြားကျမ်းစာနှိုက် “အေးကျောက်ဟ လူလို့အား ခိုက်မိစေယွေ့ ပြိုလဲစေသောကျောက် ဖြစ်အယ်” ဟု ပြောအယ်။ သူလို့ဟ နှုတ်ကပတ်တော်ဟို မယုံကြည်သောကျောန့် ခလုတ်တိုက်ကြအယ်။ ဟေဟာဟ အေးသူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော် ဖြစ်အယ်။