19 ငါလို့ဟ ဘုရားသခင်နဲ့ စပ်ဆိုင်တာဟို လည်းကောင်း၊ လောကီသားအပေါင်းလို့ဟ မာရ်နတ်ရဲ့ လက်နှိုက် ဆိကြတာဟို လည်းကောင်း ငါလို့ သိကြအယ်။
“ငါဟ ဟေတန်ခိုးအားလုံးနဲ့ ချမ်းသာကြွယ်ဝမှုအားလုံးဟို နင့်ဟို ပေးမယ်၊ ဆိသမျှလို့ဟ ငါ့လက်ဟို အပ်နှင်းထားပင်း ဖြစ်ယွေ့ ငါအလိုဆိလဲ့ စသူမဆို ငါပေးနိန်အယ်။
အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။
နင်လို့နဲ့ များစွာ ပြောတော့မှာ မဟုတ်၊ အဲအကျောန်းမှာ ဟေလောကဟို အုပ်ချုပ်သောသူဟ ရောက်ဆိလာတော့မယ်။ သူဟ ငါ့အပေါ်နှိုက် စလိုအခွင့်အာဏာမျှ မဆိ၊
ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်းဟို ခံရပီဖြစ်သောကျောန့် တရားစီရင်အကျောန်းဟို ဖော်ပြမယ်။
သူလို့အား ဟေလောကမှ နုတ်ယူရန် ငါ တောင်းဆှောက်တာ မဟုတ်မန့်၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်းဆှောက်ပါအယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များဖြစ်ကြတာဟု ဝိညာဉ်တော်ဟ ငါလို့ရဲ့ ဝိညာဉ်နဲ့အတူ သက်သေခံအယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
ဟေလောကဟို အစိုးရသောဘုရားဟ အဲသူလို့ရဲ့ စိတ်ဟို မိုက်ဖြင့် ဖုံးအုပ်ထားသောကျောန့် သူလို့ဟ သတင်းကောင်းဟို မယုံကြည်ကြဝူး။ အဲဘုရားကျောန့် ခရစ်တော်ရဲ့ ဘုန်းအသရေတော်အကျောန်း သတင်းကောင်းမှ ထွက်လာသော အလင်း၊ ဘုရားသခင်နဲ့တူသော ပုံသဏ္ဌာန်တူသော အလင်းရောင်ဟို မမျော်ရအောန် သူလို့ဟို တားဆီးလေအယ်။
အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
ငါလို့အား ဟေဆိုးသော အခုကာလမှ ကယ်နုတ်စေရန်အတွက်၊ ခရစ်တော်ဟ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ အလိုတော်ဟို နာခံပင်း ငါလို့ အပစ်များအတွက် မိမိကိုယ်ကို စွန့်အယ်၊
အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။
ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။ ဘုရားသခင်ဟ ငါလို့နှိုက် တည်ကျောန်းဟို ငါလို့အား ပေးသော ဝိညာဉ်တော်အားဖြင့် ငါလို့ သိကြအယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သူဟ အဲသက်သေခံချက်ဟို စိတ်နေလုံးထဲတွင် မှတ်ကျုံးထားအယ်။ ဘုရားသခင်ဟို မယုံကြည်သူဟ သားတော်အကျောန်း ကိုယ်တော် သက်သေခံတာဟို မယုံကြည်သဖြင့် ဘုရားသခင်ဟ ဝါပြောရာ ရောက်အယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်သောသူ နင်လို့ဟ ထာဝရ အသက်ဟို ရဆိကျောန်း သိကြစေရန် ဟေအကျောန်းအရာများဟို ငါ ရေးလိုက်အယ်။
ငါလို့ တောင်းဆော့က်သမျှဟို နားညောင်းကျောန်းဟို ငါလို့ သိရင် ဘုရားသခင်ဆေ တောင်းဆော့က်ခဲ့သောအရာများဟို ရဆိပီဖြစ်ကျောန်း ငါလို့ သိကြအယ်။
ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်သူဟ ဆက်လက်ယွေ့ အပစ်မပြုတတ်ကျောန်းဟို ငါလို့ သိကြအယ်၊ သူ့အား ဘုရားသခင်ရဲ့ သားတော် စောင့်ဆှောက်တာ ဖြစ်ယွေ့ မာရ်နတ်ဟ အဲသူဟို မထိခိုက်နိန်။
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။
အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။
အနှစ်တထောင် ကုန်ဆုံးသည်အထိ လူများလို့ဟို နောက်ထပ် မလှည့်စားနိန်ရန် သူ့ဟို တွင်းနက်ကြီးထဲဟို လောချလျက် ပိတ်လှောင်ထားယွေ့ တံဆိပ်ခတ်လေအယ်။ အနှစ်တထောင် ကုန်ပင်းမှ တဖန် ခဏ လွှတ်ရဦးမယ်။