14 ဘုရားသခင်နှိုက် ငါလို့ ထားဆိသော ယုံကြည်စိတ်ချမှုမှာ ငါလို့ဟ အလိုတော်နဲ့အညီ တစုံတခုဟို တောင်းဆော့က်ရင် ဘုရားသခင်ဟ နားညောင်းအယ် ဟူယွေ့ ဖြစ်အယ်။
နင်လို့ဟ ယုံကြည်ခြင်းဆိရင် ဆုတောင်းသမျှလို့ဟို ရဆိကြလိမ့်မယ်” ဟု မိန့်အယ်။
ကိုယ်တော်ဟ ငါရဲ့ ဆုတောင်းသံဟို အမြဲနားထောင်ကျောန်း ငါသိအယ်၊ အဲလိုလဲ ဟေလို့ တောင်းဆှောက်ခြင်းဟ ဝန်းရံလျက်ဆိသော လူလို့ရဲ့အကျိုးအတွက်ဖြစ်ပင်း ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်း သူလို့ ယုံကြည်စေရန်အတွက် ဖြစ်အယ်” ဟု ဆိုအယ်။
နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါ ပြုမယ်၊ အဲကျောန့် ခမည်းတော်ဟ သားအားဖြင့် ဘုန်းထင်ဆှားလိမ့်အယ်။
နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့ လိုချင်သောအရာလို့အတွက် တောင်းယွေ့ နင်လို့ဟ အဲအရာလို့ဟို ရကြလိမ့်မယ်။
အခုတိုင်အောန် ငါရဲ့ နာမဟို အမှီပြုယွေ့ နင်လို့ဟ ပစာဆုဟိုမျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက်စရာအကျောန်း စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလိုတောင်းရင် ရကြလိမ့်မယ်။
ဘုရားသခင်ဟ အပစ်ဆိသောသူလို့ရဲ့ စကားဟို နားမထောင်တာဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟို ရိုသေလေးစားယွေ့ အလိုတော်တိုင်း လိုက်ဆှောက်သူရဲ့ စကားဟို နားထောင်အယ်။
ခရစ်တော်နဲ့ တလုံးတဝတည်းဆိယွေ့ ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရဲရင့်ခြင်းဟိုလည်းကောင်း၊ ငါလို့ဟ ယုံကြည်စိတ်ချမှု အကြွင်းမဲ့ဖြင့် ဘုရားသခင်ဆေဟို တိုးဝင်ခွင့်ဟိုလည်းကောင်း ရဆိအယ်။
အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။
ငါလို့ဟ အစနှိုက် ဆိသော စိတ်ချမှုဟို အဆုံးတိုင်အောန် ခိုင်မြဲစွာ စွဲကိုင်ထားရင် ခရစ်တော်နဲ့ စပ်ဆိုင်သောသူများ ဖြစ်အယ်။
ခရစ်တော်မှာ သားတော်အဖြစ် ဘုရားသခင်ရဲ့ အိုင်တော်အပေါ် သစ္စာဆိအယ်။ ငါလို့ဟ ယုံကြည်စိတ်ချခြင်းနဲ့ မျော်လင့်ခြင်းနှိုက် ဂုဏ်ယူဝါကြွားခြင်းလို့ဟို စွဲကိုင်ထားရင် ဘုရားသခင်ရဲ့ အိုင်တော် ဖြစ်အယ်။
နင်လို့ တောင်းဆှောက်ယွေ့ မရခြင်းမှာ ရည်ရွယ်လွဲမားလျက် မိမိလို့ စည်းစိမ်ခံစားမှုအတွက် သာရင် တောင်းဆှောက်တတ်သောကျောန့် ဖြစ်အယ်။
အဲလိုမို့ နင်လို့ဟ ကျန်းမာစေခြင်းဟို ခံရမဲ့အကျောန်း တဦးနဲ့ တဦး မိမိရဲ့ အပစ်များဟို ဖော်ပြဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းကြလော့။ ဖြောင့်မတ်သောသူရဲ့ စိတ်အားထက်သန်လဲ့ ဆုတောင်းချက်ဟ ရမ်းဆာ့ တန်ခိုးပါယွေ့ ထိရောက်မှု ဆိအယ်။
အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။