7 စသူဟ မိမိရဲ့ စရိတ်ဖြင့် စစ်မှုထမ်းဖူးလုန်း။ စသူဟ စပျစ်ခြံဟို စိုက်ပျိုးပင်း အေးရဲ့ အသီးဟို မစားဘဲ နေရလုန်း။ စသူဟ သိုးဟို ထိန်းကျောင်းပင်း အေးသိုးရဲ့ နို့ဟို မသောက်ဘဲ နေလုန်း။
နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။
ငါ့သား တိမောသေ၊ နင်နဲ့ ပတ်သက်ယွေ့ မခင် ပရောဖက်တွေ ဟောထားလဲ့အရာများနဲ့အညီ ဟေညွှန်ကြားချက်ဟို နင့်အား ငါပေးအယ်၊ ဟေဟာဟ နင်သည် ယုံကြည်ခြင်းနဲ့ ကြည်လင်သော အသိစိတ်လို့ဟို စွဲကိုင်လျက် အဲပရောဖက်တွေ ဟောထားလဲ့အရာအားဖြင့် ကောင်းသော တိုက်ပွဲဟို တိုက်ခိုက်နိန်မဲ့အကျောန်း ဖြစ်အယ်။
ယုံကြည်ခြင်းနဲ့ဆိုင်လဲ့ ကောင်းသောတိုက်ပွဲဟို တိုက်ယွေ့ ထာဝရ အသက်ဟို ရယူပိုင်ဆိုင်လော့၊ နင်ဟ အဲအသက်အတွက် ခေါ်ယူခြင်းဟို ခံရယွေ့ ရမ်းဆာ့သော သက်သေလို့ဆေ့တွင် ကောင်းသော ဝန်ခံချက်ဟို ပေးလေပီ။
ငါဟ ကောင်းသောတိုက်ပွဲဟို တိုက်ခဲ့ပီ၊ ပြေးရမဲ့လမ်းဟို အဆုံးတိုင်အောန် ပြေးခဲ့ပီ၊ ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ။
နင်လို့ဟ မိမိလို့နှိုက် အပ်ထားသော ဘုရားသခင်ရဲ့ သိုးများဟို ဂရုစိုက်ကြလော့။ တာဝန်ဝတ္တရားအရ မဟုတ်ဘဲ ဘုရားသခင်ရဲ့ အမှုတော်ဟို ဆောင်ရွက်လဲ့ အနေဖြင့် ဝမ်းသာစွာ စောင့်ထိန်းကြလော့။ အဖိုးအခ ရဆိရန်အတွက် မဟုတ်ဘဲ စေတနာစိတ်နဲ့ လုပ်ဆောင်ကြလော့။