26 အဲကျောန့် ငါဟ ပန်းဝင်ရာသို့ တည့်မတ်စွာ ပြေးအယ်။ ငါဟ မိမိလက်သီးစွမ်းဟို အလကားကား မဖြုန်းတီးလဲ့ လက်ဝှေ့သမားနဲ့ တူအယ်။
နှစ်ခြင်းဆရာယောဟန် စတင်ဟောပြောချိန်မှ ခနေ့တိုင်အောန်၊ ခေါန်းခင်နိုင်ငံတော်ဟ အကြမ်းဖက်လို့ရဲ့ တိုက်ခိုက်မှုဟို ခံရအယ်၊ အားပင်း အကြမ်းဖက်သမားလို့ဟ အဲနိုင်ငံဟို သိမ်းယူရန် ကြိုးစားကြအယ်။
“ကျဉ်းသော ထင်ခါးပေါက်ဟို ဝင်ရဖို့ နင်လို့ အကောင်းဆုံး ကြိုးစားကြလော့၊ ပစာကို့ လူများစွာဟ ကြိုးစားကြလိမ့်မယ်၊ အဲလိုလဲ ဝင်နိန်ကြဝူးလို့ နင်လို့အား ငါ ပြောအယ်။
အဲတိုင်းတိုင်းပင် နင်လို့ဟ နားမလည်နိန်သော စကားဟို အခြားသော ဘာသာစကားဖြင့် ပြောဆိုရင် ပြောဆိုသောအရာများဟို စလို သိနိန်မလုန်း။ နင်လို့ဟ လေဟို အလကားကား ဖြုန်းတီးနေခြင်းသာ ဖြစ်လိမ့်မယ်။
အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
ငါဆိုတာဟ၊ ငါလို့ဟ ယုံကြည်မှုဆိပင်း ကိုယ်ခန္ဓာမှ ကွာလျက် သခင်ဘုရားနဲ့ အတူဆိနေရန် သာယွေ့ အလိုဆိကြအယ်။
သွားသင့်အယ်လို့ ဘုရားသခင်ဟ ဖော်ပြသောကျောန့် ငါသွားခဲ့အယ်။ ခေါင်းဆောင်များနဲ့ သီးသန့်တွေ့ဆုံမှုတွင် တပါးအမျိုးသားလို့အား ငါဟောပြောသော ဧဝံဂေလိတရား စကားဟို ဆှင်းပြခဲ့အယ်။ အတိတ် အဲဟာမဟုတ်ရင် ပစ္စုပ္ပန်မှာ ငါအလုပ်ဟ အလကားကား ဖြစ်စေချင်ဝူး။
အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။
အကျောန်းမှာ ငါ့အနေဖြင့် အသက်ဆှင်ခြင်းဟ ခရစ်တော် ဖြစ်ပင်း သေခြင်းဟလည်း အကျိုးဆိအယ်။
ဟေအရာပီးမြောက်ရန် ငါဟ ခရစ်တော်ပေးသော တန်ခိုးနဲ့ ငါ့ရဲ့ အတွင်းနှိုက်ဆိသော အလုပ်ဖြစ်လဲ့ အားကြီးသော ခွန်အားဟို အသုံးပြုယွေ့ ကြိုးကြိုးစားစား ရုန်းကန်နေအယ်။
အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။
စသူမဆို အားကစားပြိုင်ပွဲဟို ယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနဲ့အညီ မယှဉ်ပြိုင်ပါဟ သရဖူဟို ရမယ် မဟုတ်။
ငါဟ ကောင်းသောတိုက်ပွဲဟို တိုက်ခဲ့ပီ၊ ပြေးရမဲ့လမ်းဟို အဆုံးတိုင်အောန် ပြေးခဲ့ပီ၊ ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ။
အဲကျောန့် ဟေမျှလောက် များစွာသော သက်သေလို့ဟ ငါလို့ဟို ဝိုင်းရံလျက် ဆိတာဖြစ်ယွေ့ ငါလို့ဟ လေးသောဝန်နဲ့ အလွယ်တကူ ငြိတွယ်လျက် နေသော အပစ်ဆိသမျှလို့ဟို ဖယ်လောလျက် ငါလို့ မျက်မှောက်နှိုက် ထားသော ပန်းတိုင်ဟို ရောက်ဖို့ အားမလျော့ဘဲ ပြေးကြကုန်စို့။
အဲကျောန့် ဘုရားသခင်ရဲ့ ငြိမ်ဝပ်ရာ ချမ်းသာထဲဟို ဝင်ရမဲ့ ကတိတော် ဆိနေသေးလျက်နဲ့ နင်လို့ထဲမှ မဝင်လိုက်ရဘဲ နေမဲ့သူ တစုံတဦးမျှ မဆိစေရန် သတိပြုကြလော့။
သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
အေးကျောန့် ညီအကို မောင်နှမလို့၊ နင်လို့ခံရသော ခေါ်ယူခြင်းနဲ့ ရွေးချယ်ခြင်းဟို တည်မြဲစေရန် ပိုပင်း ကြိုးစားကြလော့။ အကျောန်းမှာ အေးလို့ လုပ်နေသရွေ့ နင်လို့ဟ ပစာအခါမှ မားယွင်းကြမယ် မဟုတ်။