2 စသူမဆို တစုံတရာဟို သိပီဟု ထင်မှတ်ရင် အဲသူဟ သိသင့်လဲ့ အတိုင်းပင် မသိသေး။
ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိဆိသောသူဟု မထင်မှတ်ကြစေရန် ဟေလျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ဣသရေလလူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆိခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း
အခုတွင် ငါလို့ဟ မန်အားဖြင့် ရိပ်မိလျက်သာ နေကြအယ်။ အဲအခါနှိုက် မျက်ဝါးထင်ထင် မျော်ရကြလိမ့်မယ်။ အခုတွင် ငါဟ စုံလင်စွာ မသိမမျော်ရ၊ အဲအခါနှိုက် ဘုရားသခင်ဟ ငါ့ဟို စုံလင်စွာ သိသလို ငါဟ စုံလင်စွာ သိရလိမ့်မယ်။
စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။