13 အဲကျောန့် ငါရဲ့ အစားအစာ စားခြင်းဟ ညီအကိုအား မားယွင်းစေမယ်ဆိုရင် ငါဟ ငါ့ညီအကိုအား မားယွင်းစရာအကျောန်း မဆိစေရန် အသားဟို မစားဘဲ အစဉ်မပြတ် ဆှောင်မယ်။
အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့” ဟု မိန့်အယ်။
အဲအစား ရုပ်တုအား ပူဇော်ထားသောကျောန့် မသန့်ဆှင်းလဲ့ အစားအစာများဟို မစားရန်၊ ကာမဂုဏ် လိုက်စားခြင်း၊ လည်ပင်းဟို ညှစ်ယွေ့ သတ်သော တိရစ္ဆာန်များ အဲဟာမဟုတ်ရင် အသွေးဟို စားသုံးခြင်းလို့ဟိုမူ ဆှောင်ဆှားကြစေရန် စာရေးယွေ့ အကျောန်းကြားသင့်တာဟု ငါ ယူဆအယ်။
အေးကျောန့် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။
အမဲသားဟို စားခြင်း၊ စပျစ်ယေဟို သောက်ခြင်း ကိစ္စမှစယွေ့၊ သူတပါးဟို လဲကျစရာအကျောန်း မဖြစ်စေဖို့ ဆှောင်ကြဉ်ရမယ်။
ယုဒအမျိုး ဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ဘုရားသခင်ရဲ့ အသင်းတော်ဝင် ဖြစ်စေ ထိမိယွေ့ လဲစရာအကျောန်း မဖြစ်စေကြနဲ့။
နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။
တစုံတယောက်ဟ “ငါလို့ဟ ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” ဟု ဆိုလိမ့်မယ်။ မန်အယ်၊ အားပေမဲ့ အရာခပ်သိမ်းဟ နင်လို့အဖို့ အကျိုးမဆိနိန်။ ငါဟ ပစာအမှုဟို မဆို ပြုပိုင်ခွင့်ဆိတာဟု ဆိုနိန်သော်လည်း ပစာအမှုဟိုမျှ ငါ့အား ကျွန်ဖြစ်စေရန် ငါ အခွင့်ပေးလိမ့်မယ် မဟုတ်။
နင်လို့ဆေမှ အခြားသူလို့ဟ ဟေသို့ ရပိုင်ခွင့် ဆိလျှင် ငါလို့ဟ ပိုပင်း ရပိုင်ခွင့် ဆိအယ် မဟုတ်လော။ အားပေမဲ့ ငါလို့ဟ အေးအခွင့်ရေးဟို မသုံးခဲ့ကြ။ ခရစ်တော်အကျောန်း သတင်းကောင်းအတွက် အဆီးတား မဖြစ်စေရန် တွေ့ကြုံသော အခက်ခဲဆိသမျှဟို သည်းခံခဲ့ကြအယ်။
တစုံတဦးအားနည်းလဲ့အခါ ငါဟ အားမနည်းဘဲ နေနိန်မယ်လော၊ တစုံတဦး မားယွင်းလဲ့အခါ ငါဟ ပူပန်ခြင်း မဆိဘဲ နေနိန်မယ်လော။
ငါလို့ရဲ့ အမှုတော်ဆောင်ခြင်းဟ စသူ့ဟိုမှ အပစ်မဆှာချင်ဝူး၊ အဲကျောန့် ငါလို့ဟ စသူ့ဟိုမှ အနှောင့်အယှက် တစုံတရာဟိုမျှ မပြု။