38 အဲလိုမို့ မိမိနဲ့ စေ့စပ်ထားသူ မိန်းမပျိုနဲ့ လက်ထပ်ခြင်းအမှုဟ ကောင်းအယ်၊ အားပေမဲ့ ထိမ်းမြားခြင်းမပြုသူဟလည်း သာယွေ့ ကောင်းအယ်။
အဲလိုလဲ ငါ နင့်ဟို ပြောတာဟ တစုံတယောက်သည် မတရားသော မေထုန်ပြုခြင်း အကျောန်းမှလွဲယွေ့ မိမိပေါင်အိုမဟို ကွာဆှင်းသောသူတိုင်းဟ အေးပေါင်အိုမအား အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်စေအယ်။ ကွာဆှင်းထားသော ပေါင်အိုမနဲ့ လက်ထပ်ခြင်းဟို ပြုသောသူဟလည်း အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်အယ်။
အခု ကြုံတွေ့နေရလဲ့ စိတ်ပင်ပန်းခြင်းကျောန့် လူတယောက်ဟ ဆိမြဲ အခြေနေအတိုင်း ဆက်လက် နေထိန်ရင် ကောင်းအယ်။
အားပေမဲ့ ယောက်ျားဟ မိမိတတ်တိုင်း အိုင်ထောင်မပြုဘဲနေရန် စိတ်ပိုင်းဖြတ်ပင်း မိမိရဲ့ စိတ်ဟိုလည်း လုံးဝချုပ်ထိန်းနိန်သဖြင့် မိမိနဲ့ဆိုင်သော ငယ်ရွယ်သော မိန်းမနဲ့ အိုင်ထောင်ပြုခြင်းဟို ထိန်းသိမ်းထားရန် မိမိစိတ်ထဲနှိုက် ဆုံးဖြတ်ထားပါဟ သူဟ ပိုယွေ့ ကောင်းအယ်။
မိန်းမဖြစ်သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်စဉ် ကာလပတ်လုံး ချည်နှောင်မှု ဆိအယ်။ အားပေမဲ့ ဖိုးအိုဆုံးသွားသောအခါနှိုက် မိမိနှစ်သက်သောသူ စသူနဲ့မဆို ထိမ်းမြားလက်ထပ်နိန်အယ်။ အားပေမဲ့ လက်ထပ်မှုဟ ယုံကြည်သူအချင်းချင်း လက်ထပ်မှုသာ ဖြစ်ရမယ်။
အဲလိုမို့ အိုင်ထောင်မဆိသူများနဲ့ မုဆိုးမများအား ငါတိုင်းတိုင်း တကိုယ်တည်း ဆက်လက် နေထိန်နိန်ရင် ပိုပင်း ကောင်းလိမ့်မယ်။
ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။