30 ငိုကြွေးသူများဟ မငိုကြွေးသလို၊ ရယ်မောသူများဟ မရယ်မောသလို လည်းကောင်း ဖြစ်ရမယ်။ ဥစ္စာပစ္စည်း ဝယ်ယူသူများဟ အဲဥစ္စာပစ္စည်းဟို မပိုင်သလို ဖြစ်ရမယ်။
အဲလိုလဲ အာဗြဟံဟ ‘ငါ့သား၊ နင်ဟ အသက်ဆှင်တုန်းခါဟ ကောင်းသောအရာများဟို ရဆိခဲ့ယွေ့ လာဇရုဟ မကောင်းသောအရာများဟို ရဆိခဲ့ကျောန်း သတိရလော့။ အဲလိုလဲ အခုမှာ သူဟ စိတ်သက်သာဟို ခံစားရယွေ့ နင်ဟ ရမ်းဆာ့ဝေဒနာဟို ခံစားနေရအယ်။
အခု မွတ်သောသူလို့ဟ မင်္ဂလာဆိအယ်၊ နင်လို့ ဝပြောရလိမ့်မယ်။ အခု ငိုကသော နင်လို့ဟ မင်္ဂလာဆိအယ်၊ နင်လို့ဟ ရယ်မောရလိမ့်မယ်။
ခုခါ ဝစွာ စားရသောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ မွတ်ခြင်းဟို ရောက်လိမ့်မယ်၊ ခုခါ ရယ်တတ်သောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ ညည်းတွားခြင်းနဲ့ ငိုကခြင်းဟို ရောက်လိမ့်မယ်၊
အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆိကြသော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သောကျောန့် နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေ့စုံကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေမှ မနုတ်ယူနိန်။
ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့တည်း အချိန်ကာလ ကုန်ဆုံးတော့မယ်။ အခုမှစယွေ့ အိုင်ထောင်သည်ယောက်ျားများဟ အိုင်ထောင်မဆိသလို နေရမယ်။
ဟေလောကအရာဟို သုံးသောသူဟ မသုံးသလို ဖြစ်ရမယ်။ ပစာကို့ ဟေလောကရဲ့ အဆင်းသဏ္ဌာန်ဟ ရွေ့သွားကွယ်ပျောက် တတ်အယ်။
သူဟ မိမိတတ်တိုင်း ချီးမြှောက်ယွေ့ စည်းစိမ် ခံစားခဲ့တာနဲ့အမျှ သူ့အား ညှဉ်းဆဲခြင်းနဲ့ ဝမ်းနည်းကြေကွဲခြင်းလို့ဟို ပေးကြလော့။ ပစာကို့ သူဟ ‘ငါသည် မိဖုရား ဖြစ်အယ်။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းဟိုလည်း ပစာခါမျှ ကြုံတွေ့ရလိမ့်မယ် မဟုတ်’ ဟု မိမိစိတ်ထဲနှိုက် ဆိုသောကျောန့် ဖြစ်အယ်။
အကျောန်းမှာ ပလ္လင်တော် အလယ်တွင် ဆိသော သိုးသငယ်ဟ သူလို့ဟို အုပ်ထိန်းယွေ့ အသက်ယေ ထွက်ရာ စမ်းယေတွင်းဟို သူလို့ဟို လမ်းပြပို့ဆောင်လိမ့်မယ်။ ဘုရားသခင်ဟလည်း သူလို့ရဲ့ မျက်စေ့မှ မျက်ရည်ဆိသမျှလို့ဟို သုတ်ပေးလိမ့်မယ်” ဟု ဆိုအယ်။