19 အရေဖျားလှီးခြင်းအားဖြင့် အကျိုးမဆိ၊ အရေဖျားလှီးခြင်းဟို မခံဘဲ နေခြင်းအားဖြင့်လည်း အကျိုးမဆိ။ ဘုရားသခင်ရဲ့ ပညတ်တော်များဟို နာခံခြင်းအားဖြင့်သာ အကျိုးဆိအယ်။
ပစာကို့ အကြင်သူဟ အသေးဆုံး ပညတ်တခုဟို တတ်တိုင်းလွန်ကျူးယွေ့ သူတပါးလို့အားလည်း အေးတိုင်းတိုင်း သင်ကြားသော အဲသူဟ ခေါန်းခင်နိုင်ငံတော်နှိုက် အငယ်ဆုံးသောသူ ဖြစ်လိမ့်မယ်။ အဲလိုလဲ အကြင်သူဟ တတ်တိုင်းကျင့်ယွေ့ သူတပါးလို့အားလည်း သင်ကြားပေးသူဟ ခေါန်းခင်နိုင်ငံတော်တွင် အကြီးဆုံးသောသူ ဖြစ်လိမ့်မယ်။
နင်လို့အား ငါ့ပညတ်လဲ့အရာလို့ဟို နင်လို့ ကျင့်သုံးရင် နင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။
အရေဖျားလှီးခြင်း ခံသောသူဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုယွေ့ အရေဖျားလှီးခြင်း မခံသောသူလို့ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုသော ဘုရားသခင်ဟ တဆူတည်း ဖြစ်အယ်။
အစားအစာဟ ငါလို့ဟို ဘုရားသခင်ဆေ နီးကပ်စေတာ မဟုတ်။ ငါလို့ဟ အစားအစာဟို မစားဘဲနေရင် ငါလို့မှာ အရှုံးမဆိ၊ စားလျှင်လည်း အမြတ်မရ။
အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
အရေဖျားလှီးခြင်းခံရတာ ဖြစ်စေ၊ မခံရတာ ဖြစ်စေ၊ လုံးဝ အရေးမကြီးပါ၊ အသစ်ဖန်ဆင်းခံရခြင်းသာ အရေးကြီးအယ်။
အဲလိုမို့ ယုဒအမျိုးနဲ့ လူမျိုးခြား၊ အရေဖျားလှီးခြင်း ခံရသူနဲ့ အရေဖျားလှီးခြင်း မခံရသူ၊ ယဉ်ကျေးသူ၊ လူရိုင်းများ၊ ကျွန်နဲ့ ကျွန်မဟုတ်သောသူ ဟူယွေ့ ကွဲပြားခြားနားမှု မဆိတော့ချေ။ ခရစ်တော်ဟ အလုံးစုံလို့နှိုက် ဆိယွေ့ အလုံးစုံ ဖြစ်အယ်။
“မိမိဝတ်လုံများဟို လျှော်ဖွတ်ယွေ့ အသက်ပင်နဲ့ သက်ဆိုင်သောအခွင့်ဟို ရဆိပင်း ထင်ခါးများမှ မြို့ထဲဟို ဝင်ခွင့်ဟို ရဆိသောသူလို့ဟ မင်္ဂလာ ဆိကြအယ်။