13 အဲတိုင်းတိုင်း ယုံကြည်သူအမျိုးသမီးဟ မယုံကြည်သူ ဖိုးအို ဆိယွေ့ အဲဖိုးအိုဟ ဆက်လက် ပေါင်းသင်းနေထိန်လိုရင် သူ့အား မကွာစေနဲ့။
အေးတိုင်းတိုင်းပင် မိန်းမဟလည်း သူရဲ့ ဖိုးအိုနဲ့ ကွာဆှင်းပင်း အခြားယောက်ျားတယောက်နဲ့ လက်ထပ်ရင် အိုင်ထောင်ရေးဖောက်ပြန်အယ်” ဟု ပြောလေအယ်။
သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။
အကျောန်းမှာ ယုံကြည်သူ မဟုတ်သော ယောက်ျားဟ မိမိပေါင်အိုမအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ ယုံကြည်သူ မဟုတ်သော မိန်းမဟလည်း မိမိဖိုးအိုအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ အားမဟုတ်ရင် သူလို့ရဲ့ လူပဲ့သငယ်လို့ဟ ညစ်ညူးကြလိမ့်မယ်။ အားပေမဲ့ သူလို့ဟ သန့်ဆှင်းကြအယ်။