7 ဟေသို့ အချင်းချင်း တရားစွဲဆိုခြင်းဟ နင်လို့အတွက် ဆုံးရှုံးမှု ဖြစ်စေအယ်။ တရားစွဲဆိုမဲ့အစား မတရားပြုခြင်းဟို ခံရတာဟ ပိုပင်း မကောင်းသလော။ လုယက်ခြင်းခံရတာဟ ပိုပင်း မကောင်းသလော။
ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
နင်လို့ ပါးတဖက်ဟို တယောက်ယောက်ဟ ရိုက်ရင်၊ တခြားတဖက်ဟိုလည်း ရိုက်ဖို့ ပေးပါ၊ နင်ရဲ့ ဝတ်လုံဟို တယောက်ယောက်ဟ ယူသွားရင် နင်ရဲ့ အင်္ကျီဟိုလည်း ယူသွားဖို့ ပေးပါ။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။