5 နင်လို့ ဆှက်ဖွယ်ကောင်းအယ်။ ခရစ်ယာန်ညီအကို အချင်းချင်း အမှုခင်း ဖြစ်ပွားကြသောအခါ အသင်းတော်နဲ့ တရားစီရင်ဆုံးဖြတ်နိန်သူ ပညာဆိတယောက်မျှ မဆိသလော။
ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊
အာနနိဟ “သခင်ဘုရား၊ ဟေလူဟ ယေရုရှလင်မြို့ဆိ ကိုယ်တော်ရဲ့ သန့်ဆှင်းသူလို့အား စလောက်ထိ ဒုက္ခပေးခဲ့တာဟို လူအမြောက်အမြားဆေမှ ငါ ကြားသိရအယ်။
ယောက်ျားဟ ဆှည်သော ဆံပင်ဆိလျှင် ဆှက်ဖွယ်သောအကျောန်း ဖြစ်တာဟို နင်လို့အား သဘာဝတရားအားဖြင့် ဆုံးမထားတာ မဟုတ်လော။
အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
စသူမျှ မိမိတတ်တိုင်း မလှည့်စားစေနဲ့။ နင်လို့တွင် အကြင်သူဟ ဟေလောကရဲ့ စံနှုန်းအရ ပညာဆိ ဖြစ်တာဟု ကိုယ့်ကိုထင်တတ်အယ်။ အဲသူဟ ပညာဆိဖြစ်လာစေရန် လူမိုက် ဖြစ်မန့်စေ။
ငါလို့ဟ ခရစ်တော်အတွက် လူမိုက် ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ ခရစ်တော်နှိုက် ပညာဆိ ဖြစ်ကြအယ်။ ငါလို့ဟ အားနည်းသောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အားကောင်းသောသူ ဖြစ်အယ်။ ငါလို့ဟ အသရေမဲ့သောသူ ဖြစ်အယ်။ အားပေမဲ့ နင်လို့ဟ အသရေဆိသောသူ ဖြစ်အယ်။
ဟေအရာများဟို ငါ ရေးလိုက်ခြင်းမှာ နင်လို့အား အဆှက်ရစေရန် မဟုတ်ဘဲ နင်လို့ဟို ငါရဲ့ ချစ်သားအဖြစ် သတိပေး ဆုံးမရန် ဖြစ်အယ်။
နင်လို့အထဲမှ တစုံတဦးဟ အခြားသောသူနဲ့ အမှုဖြစ်ပွားရင် သန့်ဆှင်းသောသူလို့ ဆေ့နှိုက် စီရင်ခြင်း မခံရဘဲ ဘုရားတရားမဲ့သောသူလို့ ဆေ့နှိုက် စီရင်ခြင်း ခံရသလော။
အဲအမှုကိစ္စမျိုး ပေါ်ပေါက်လာသောအခါ အသင်းတော်နဲ့ စလိုမျှ မသက်ဆိုင်သူများအား စီရင် ဆုံးဖြတ်စေကြမယ်လော။
နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။