18 မတရားသောမေထုန်ဟို ဆှောင်ကြလော့။ လူပြုတတ်သော အခြား ဒုစရိုက်ဆိသမျှလို့ဟ ကိုယ်ခန္ဓာ ပြင်ပနှိုက် ဆိအယ်။ မတရားသော မေထုန်ဟို ပြုသောသူဟတော့ မိမိကိုယ်ခန္ဓာဟိုပင် ပစ်မားခြင်း ဖြစ်အယ်။
အေးကျောန့် ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး ဆန္ဒများဖြစ်လဲ့ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူလို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်ဟို ဆှက်စရာကောင်းလဲ့ အရာများဟို ပြုလုပ်ခဲ့အယ်။
ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊
နောက်တဖန် နင်လို့ဆေဟို လာသောအခါ ငါရဲ့ ဘုရားသခင်ဟ ငါ့အား နင်လို့ဆေ့နှိုက် ငါ့ဟို နှိမ့်ချယွေ့ မခင်ဟ အပစ်ကျူးလွန်ခဲ့လျက်ပင် မိမိလို့ ပြုကျင့်ခဲ့လဲ့ ညစ်ညမ်းခြင်း၊ မတရားသော မေထုန်ပြုခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဟို နောင်တမရသေးသောသူ များစွာဆိလဲ့အတွက် ငါ ဝမ်းနည်းကြေကွဲရမယ်ဟိုလည်း စိုးရိမ်အယ်။
လူ့သဘောသဘာဝနဲ့ဆိုင်သော လုပ်ဆောင်မှုဟ သိသာထင်ဆှားအယ်။ သူလို့တတ်တိုင်းဟ အကျင့်ပျက်ခြင်း၊ စုတ်ပဲ့ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်း၊
နင်ဟ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်သောကျောန့်၊ ကာမဂုဏ်လိုက်စားမှု အဲဟာမဟုတ်ရင် ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘနဲ့ ပတ်သက်လဲ့ စလိုကိစ္စရပ်မကိုဆို နင်လို့တွင်ပင် ဖော်ပြသင့်တာ မဟုတ်ပါ။
အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။
ဘုရားသခင်ဟ နင်လို့ဟို သန့်ဆှင်းမြင့်မြတ်စေရန်နဲ့ ကာမဂုဏ်လွန်ကျုးမှုကနေ လုံးလုံး ကင်းစင်စေချင်အယ်။
ဘုရားသခင်ဟို မသိသော တပါးအမျိုးသားလို့ လိုမျိုး တပ်မက်သော စိတ်ဆန္ဒများရဲ့ အလိုဟို မလိုက်ကြနဲ့။
အဲကျောန့် နင်ဟ အောန်နီလို့ရဲ့ တပ်မက်ခြင်းများဟို ဆှောင်ယွေ့ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းလို့ဟို စင်ကြယ်သော စိတ်နေလုံးဖြင့် သခင်ဘုရားဟို ခေါ်သောသူလို့နဲ့ အသင့်အတင့်နေခြင်းလို့ဟို မှီအောန်လိုက်လော့။
ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။
ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။