17 အားပေမဲ့ သခင်ဘုရားနဲ့ ဆက်ဆံသူဟ ဝိညာဉ်တော်အားဖြင့် ကိုယ်တော်နဲ့ တစိတ်တဝိညာဉ်တည်း ဖြစ်အယ်။
အသွေးအသားအားဖြင့် မွေးဖွားသူဟ အသွေးအသား ဖြစ်အယ်၊ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူဟ ဝိညာဉ် ဖြစ်အယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။
အဲတိုင်းတိုင်းပင် ငါလို့ဟ ယုဒလူ ဖြစ်စေ၊ တပါးအမျိုး ဖြစ်စေ၊ ကျွန် ဖြစ်စေ၊ လွတ်လပ်သောသူ ဖြစ်စေ၊ ဝိညာဉ်တော် တပါးတည်းအားဖြင့် ကိုယ်ခန္ဓာ တခုတည်းထဲသို့ နှစ်ခြင်းဟို ခံယူကြအယ်။ ငါလို့ဆိသမျှဟ ဝိညာဉ်တော် တပါးတည်းဟို သောက်ကြအယ်။
နင်လို့ ကိုယ်ခန္ဓာများဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါများဖြစ်တာဟို မသိကြသလော။ ငါဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟို ယူယွေ့ ပြေ့တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေမယ်လော။ မဖြစ်စေနိန်။
အေးလိုမို့ ငါအသက်ဆှင်တာဟ ငါတတ်တိုင်း မဟုတ်တော့ဘဲ ခရစ်တော်ဟ ငါနှိုက် အသက်ဆှင်အယ်။ အခု ငါအသက်ဆှင်သော ဟေအသက်ဟ ငါ့ဟို ချစ်ယွေ့ ငါ့အတွက် သူ့အသက်ဟို ပေးလှူသော ဘုရားသခင်ရဲ့ သားတော်ဟို ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်နေအယ်။
အကျောန်းမှာ၊ ငါလို့ဟ သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်အယ်။
ခရစ်တော် ယေရှုနှိုက်ဆိသော စိတ်သဘောမျိုးဟို နင်လို့နှိုက်လည်း ဆိစေကြလော့။