Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန္သု 5:11 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

11 မိမိတတ်တိုင်း ညီအကိုဟု ခေါ်လျက် မတရားသော မေထုန်နှိုက်မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေယေသေရက်နဲ့ယဇ်မူးခြင်း၊ အနိန်အထက်လုယူခြင်းမှ စယွေ့ အဲသို့သောအမှုဟို ပြုသောသူနဲ့ ဆိုလိုအယ်။ အဲသူလို့နဲ့အတူ ထိန်ပင်း စားသောက်ခြင်းပင် မပြုနဲ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန္သု 5:11
47 ပူးပေါင်းရင်းမြစ်များ  

အားပင်း သူဟ အဲသူလို့ရဲ့ စကားဟိုလည်း နားမထောင်ပြန်ရင် အေးအကျောန်းအရာအားလုံးဟို အသင်းတော်အား တိုင်ကြားလော့။ နောက်ဆုံးမှာ သူဟ အသင်းတော်ရဲ့ စကားဟိုပင် နားမထောင်ရင် အဲသူအား ဘုရားမဲ့သူ တယောက် အဲဟာမဟုတ်ရင် အခွန်ခံသူ တယောက်လိုမျိုး မှတ်ယူလော့။


“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ပန်းကန်ခွက်များရဲ့ အပြင်ဟို သန့်ဆှင်းအောင် ဆေးကြောကြသော်လည်း နင်လို့ရဲ့ စိတ်အတွင်းမှာဟ လောဘလွန်ကျူးမှုနဲ့ အကြမ်းဖက်မှုလို့ဖြင့် ပြည့်လျက်ဆိနေကြအယ်။


ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။


“နင်လို့ဟ ကိုယ်ကိုကိုယ် သတိပြုကြလော့။ အေးလို့မဟုတ် အစားသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နေလုံး ပင်ပန်းလျက်နေစဉ် အဲနေ့ရက်ဟ အမှတ်တမဲ့ နင်လို့ဆေ ရောက်လာလိမ့်မယ်။


ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊


အေးလိုမို့ အာနနိဟ ရှောလုဆိလဲ့ နေအိုင်သို့ ဝင်သွားယွေ့ သူရဲ့ အပေါ်မှာ လက်ဟို တင်ပင်း သူဟ “ငါ့ညီ ရှောလု၊ နင်ဟ မျက်စေ့အလင်းဟို ပြန်လည်ရဆိစေရန်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဖြင့် ပြေ့ဝလာစေရန် နင်လာသော လမ်းခရီးနှိုက် နင့်အား ထင်ဆှားသော ယေရှုဟ ငါ့အား နင့်ဆေဟို စေလွှတ်လိုက်အယ်” ဟု ဆိုအယ်။


နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါလို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆှောင်ကြစို့။


ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြားစေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ဟို စိတ်ပျက်စေသောသူလို့အား သတိပြုလျက် ဆှောင်ဆှားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။


အဲကျောန့် ငါ့ချစ်သူလို့၊ ရုပ်တုကိုးကွယ်ခြင်း အမှုဟို ကြဉ်ဆှောင်ကြလော့။


အကျောန်းမှာ နင်လို့ဟ စားကြတာဟ ကိုယ်စီကိုယ်စီ မိမိအစာဟို အရင်ယူယွေ့ တချို့ဟ မွတ်လျက်၊ အခြားဟ သေသောက်ကြူးလျက် ဆိကြအယ်။


ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။


ညီအကိုချင်းလို့ဟ တရားတွေ့တာ သာမက၊ မယုံကြည်သော သူလို့ဆေ့နှိုက်ပင် တရားတွေ့ကြအယ်။


ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊


သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။


အားပေမဲ့ မယုံကြည်သူဖက်မှ ကွဲကွာလိုရင် ကွဲကွာစေ။ အဲသို့သော အခြေနေမျိုးတွင် ယုံကြည်သူယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ အနှောင်အဖွဲ့ ကင်းအယ်။ ဘုရားသခင်ဟ နင်လို့အား ငြိမ်းချမ်းမှု ရဆိစေရန် ခေါ်ယူထားအယ်။


အဲလိုမို့ အားနည်းသူ ညီအကိုအတွက် ခရစ်တော် အသေခံခဲ့သော်လည်း နင်ရဲ့ “အသိပညာ” ကျောန့် အေးသူဟ ပျက်စီးရလိမ့်မယ်။


အကျောန်းမှာ ယာကုပ် စေလွှတ်လိုက်သော လူအချို့လို့ အေးဟို မရောက်လာခင်၊ ပေတရုဟ လူမျိုးခြား ယုံကြည်သူများနဲ့အတူ စားသောက်နေခဲ့အယ်။ အဲလိုလဲ သူလို့ရောက်လာပင်းနောက် သူဟ တပါးအမျိုးသားလို့နဲ့အတူ မစားတော့ပဲ တွန့်ဆုတ်နေပင်း သူဟ အရေဖျားလှီးထားသော သူလို့ဟို ကြောက်သောကျောန့် ဖြစ်အယ်။


နင်ဟို ဖျက်စီးစေမဲ့ စပျစ်ဝိုင်နဲ့ မယစ်မူးစေနဲ့။ အဲအစား ဝိညာဉ်တော်နဲ့ ပြေ့ဝကြလော့။


အကျင့်ပျက်မှု၊ ယုတ်ညံ့ခြင်း အဲဟာမဟုတ်ရင် လောဘကြီးသူ စသူမဆို ခရစ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နှိုက် အမွေဟို ဖယ်တော့မှ ရဆိမယ် မဟုတ်ကျောန်း နင်သေချာသိကြအယ်။


အဲကျောန့် မတရားသော မေထုန်နှိုက် မှီဝဲခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သော လောဘလွန်ကျူးခြင်းဟူသော မြေကြီးပေါ်မှာဆိသော နင်လို့ရဲ့ ကိုယ်အင်္ဂါလို့ဟို သေစေကြလော့။


တစုံတယောက်ဟ ဟေစာအားဖြင့် ငါလို့မှာကြားသောစကားဟို နားမထောင်ရင် အေးသူအား အဆှက်ရစေရန် သူ့ဟို မှတ်ထားလျက် သူနဲ့ မပေါင်းဖော်ကြနဲ့။


ငါ့ညီအကိုလို့၊ ငါလို့ဆေမှ ခံယူရဆိလဲ့ သွန်သင်ချက်များဟို မလိုက်ဆှောက်ဘဲ စည်းကမ်းမဲ့ အသက်ဆှင် ဆှောက်လှမ်းနေကြသော သူအားလုံးဟို ဆှောင်ကြဉ်ကြရန် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် နင်လို့ဟို ငါလို့ မိန့်မှာကြအယ်။


သောက်ကြူးသောသူ မဖြစ်စေရ၊ အဲသူဟ ကြမ်းကြုတ်သောသူ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သောသူ၊ ငြိမ်းချမ်းမှုဟို လိုလားသောသူ ဖြစ်ပင်း ပိတ်ဆန်ဟို တပ်မက်သောသူ မဖြစ်ရ။


အဲသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရား ဆုံးရှုံးကာ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ အကျိုးစီးပွားဖြစ်တာဟု ထင်မှတ်သော လူလို့ကြားနှိုက် မဆုံးနိန်သော အငြင်းပွားမှု ဆိတတ်အယ်။


ဟေသွန်သင်ချက် မပါသောသူဟ နင်လို့ဆေဟို လာရင် သူ့ဟို အိုင်နှိုက် လက်မခံကြနဲ့၊ နှုတ်ခွန်းလည်း မဆက်ကြနဲ့။


အဲလိုလဲ နင်လို့အထဲတွင် ဗာလမ်ရဲ့ အယူဝါဒဟို လိုက်ဆှောက်သူများ ဆိနေသဖြင့် နင့်အား အပစ်ဆိုစရာ ကတစ်ဆိအယ်။ ဣသရေလအမျိုးသားလို့ဟ ရုပ်တုပူဇော်စရာ အစားအစာများဟို စားကြစေရန် လည်းကောင်း၊ မတရားသောမေထုန်ဟို ပြုကြရန် လည်းကောင်း၊ သူလို့ဆေ့နှိုက် မားယွင်းစေသောအရာဟို ချထားမဲ့အကျောန်း ဗာလမ်ဟ ဗာလက်မင်းအား သင်ပေးအယ်။


အဲလိုလဲ နင့်အား ငါ အပစ်ဆိုစရာ ဆိအယ်။ အကျောန်းမှာ နင်ဟ မိမိတတ်တိုင်း ပရောဖက်မဟု ခေါ်သော အဲမိန်းမ ယေဇဗေလဟို ပြုလိုရာ ပြုခွင့်ပေးထားသဖြင့် သူဟ ငါရဲ့ အစေခံလို့အား မတရားသောမေထုန် ပြုကြရန်နဲ့ ရုပ်တုအား ပူဇော်ထားသောအရာများဟို စားကြရန် သွန်သင်လျက် သူလို့ဟို လှည့်စားနေအယ်။


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ