14 ဟေအရာများဟို ငါ ရေးလိုက်ခြင်းမှာ နင်လို့အား အဆှက်ရစေရန် မဟုတ်ဘဲ နင်လို့ဟို ငါရဲ့ ချစ်သားအဖြစ် သတိပေး ဆုံးမရန် ဖြစ်အယ်။
သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။
အမြင်မန် ရကြလော့။ ဆက်ပင်း အပစ် မလုပ်ကြနဲ့။ နင်လို့တွင် အချို့သောသူလို့ဟ ဘုရားသခင်ဟို မသိကြ။ ဟေသို့ ငါဆိုရာနှိုက် နင်လို့ အဆှက်ရစေရန်အတွက် ဖြစ်အယ်။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
အဲအကျောန်းကျောန့် သခင်ဘုရားနှိုက် သစ္စာဆိသော ငါရဲ့ ချစ်သား တိမောသေဟို နင်လို့ဆေ ငါ စေလွှတ်အယ်။ ခပ်သိမ်းသောအရပ်လို့နှိုက် ခပ်သိမ်းသော အသင်းတော်လို့ဟို ငါသွန်သင်တာနဲ့အညီ ငါဟ ယေရှု ခရစ်တော်နှိုက် ကျင့်သော အကျင့်ဓလေ့များဟို နင်လို့ဟ မှတ်မိစေရန် သူဟ ပြသတိုက်တွန်းလိမ့်မယ်။
နင်လို့ ဆှက်ဖွယ်ကောင်းအယ်။ ခရစ်ယာန်ညီအကို အချင်းချင်း အမှုခင်း ဖြစ်ပွားကြသောအခါ အသင်းတော်နဲ့ တရားစီရင်ဆုံးဖြတ်နိန်သူ ပညာဆိတယောက်မျှ မဆိသလော။
အားပေမဲ့ ငါဟ အေးအခွင့်ရေး တစုံတရာဟိုမျှ မယူခဲ့။ ဟေသို့သော အခွင့်ရေးများဟို တောင်းလိုသောကျောန့် ဟေစာဟို ရေးလိုက်ခြင်းလည်း မဟုတ်။ ဟေသို့ ငါဝါကြွားခြင်း အခွင့်ဟို သူတပါး ဖျက်ဆီးခြင်းထက် သေရခြင်းဟ ပိုပင်း ကောင်းအယ်။
ပစာကျောန့် ငါဟ နင်လို့ဟို မချစ်သောကျောန့်လော။ ငါ ချစ်ကျောန်းဟို ဘုရားသခင် သိအယ်။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ဟေသို့ဆိုရာနှိုက် နင်လို့အား ပစ်တင်လိုယွေ့ မဟုတ်၊ မခင်ဟ ဖော်ပြခဲ့လဲ့အတိုင်း ငါလို့ဟ နင်လို့နဲ့အတူ အမြဲတမ်း အသက်ဆှင်ခြင်း အဲဟာမဟုတ်ရင် သေခြင်းဟို အလိုဆိလဲ့တိုင်အောန် ငါလို့ဟ စိတ်နေလုံးထဲနှိုက် နင်လို့အား ချစ်သောကျောန့် ဖြစ်အယ်။
အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။
အဖဟ ကိုယ့်လူပဲ့သငယ်တွေကို ဆက်ဆံသလို နင်လို့ တယောက်စီတိုင်းကို ငါလို့ဆက်ဆံခဲ့တာ နင်လို့သိအယ်။
အားပင်း ညီအကိုလို့ နင်လို့အား ငါလို့ တိုက်တွန်းနှိုးဆော်တာဟ စည်းမဆိ ကမ်းမဆိနေသော သူလို့ဟို သတိပေး ဆုံးမကြလော့။ စိတ်အားငယ်သော သူလို့ဟို နှစ်သိမ့်ကြလော့၊ အားနည်းသော သူလို့ဟို ကူညီကြလော့၊ လူအားလုံးလို့အပေါ် စိတ်ဆှည်သည်းခံကြလော့။
တစုံတယောက်ဟ ဟေစာအားဖြင့် ငါလို့မှာကြားသောစကားဟို နားမထောင်ရင် အေးသူအား အဆှက်ရစေရန် သူ့ဟို မှတ်ထားလျက် သူနဲ့ မပေါင်းဖော်ကြနဲ့။
အကျဉ်းကျခံနေခါ ငါ့သားဖြစ်သော ဩနေသိမ်အတွက် နင့်ဟို တောင်းပန်အယ်။
ငါ ချစ်သော လူပဲ့သငယ်လို့၊ နင်လို့ဟ အပစ်မပြုကြစေရန် ဟေအရာများဟို နင်လို့ဆေ ငါ ရေးလိုက်အယ်။ အားပေမဲ့ တစုံတယောက်ဟ အပစ်ပြုမိခဲ့ရင် ခမည်းတော်ဆေနှိုက် ကူညီဖြေဆှင်းပေးသူ တည်းဟူသော ဖြောင့်မတ်လဲ့သူ ယေရှု ခရစ်တော်ဟ ငါလို့အတွက် ဆိအယ်။
ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။