14 တိုက်မြစ်ပေါ်တွင် တည်ဆောက်လဲ့အရာဟို အဲမီးရဲ့ ဒဏ်ဟို ခံနိန်ရင် တည်ဆောက်သူဟ အကျိုးဟို ခံရလိမ့်မယ်။
မျိုးစေ့ဟို စိုက်သူနဲ့ ယေလောင်းသူလို့ဟ တန်းတူရည်တူ ဖြစ်ကြအယ်။ ဘုရားသခင်ဟ သူလို့ဟို မိမိလို့ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးဟို ခံစားစေလိမ့်မယ်။
အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။
အဲကျောန့် ငါရဲ့ အလုပ်ဟို ငါရဲ့ ဆန္ဒအလျောက် ရွေးချယ်ဆောင်ရွက်ရင် အခကြေးငွေဟို ငံ့နိန်ပေအယ်။ အားပေမဲ့ ဟေအလုပ်ဟို ဘုရားသခင်ဟ ငါ့အား ပေးအပ်ထားသဖြင့် ငါဟ တာဝန်ကျေစွာ လုပ်ဆောင်ဖို့ လိုအယ်။
တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။
ငါလို့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ရဲ့ဆေ့နှိုက် ငါလို့ရဲ့ မျှော်လင့်စရာအကျောန်း၊ ဝမ်းမြောက်စရာအကျောန်းနဲ့ ဝါကြွားစရာ သရဖူဖြစ်မဲ့သူမှာ စသူလုန်း၊ နင်လို့ပင် မဟုတ်လော။
ငါဟ ကောင်းသောတိုက်ပွဲဟို တိုက်ခဲ့ပီ၊ ပြေးရမဲ့လမ်းဟို အဆုံးတိုင်အောန် ပြေးခဲ့ပီ၊ ယုံကြည်ခြင်းဟို စောင့်ထိန်းခဲ့ပီ။
သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။
အေးလို့လုပ်ရင် သိုးထိန်းကြီး ပေါ်လာသောအခါ မှေးမှိန်ခြင်း မဆိသော ဘုန်းအသရေနဲ့ပြေ့စုံလဲ့ သရဖူဟို နင်လို့ ရဆိလိမ့်မယ်။