18 သူလို့ဟ နင်လို့ရဲ့ စိတ်ဟို ရွှင်လန်းစေသလို ငါရဲ့ စိတ်ဟိုလည်း ရွှင်လန်းစေကြအယ်။ အဲသို့သောသူလို့ဟ အသိမှတ်ပြုခြင်းဟို ခံထိုက်ကြအယ်။
အေးလိုမို့ ဘုရားသခင် အလိုဆိရင် ငါဟ ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ့ နင်လို့နဲ့အတူ ပျော်ရွင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။
အဲကျောန့် ငါလို့ဟ နှစ်သိမ့်မှုဟို ခံစားရအယ်။ ငါလို့ ခံစားရသော နှစ်သိမ့်မှု သာမက၊ တိတုရဲ့ စိတ်နေလုံးဟ နင်လို့အားလုံးကျောန့် ပျော်ရွှင်မှုဟို ခံစားရတာ ဖြစ်ယွေ့ သူ့ရဲ့ ဝမ်းမြောက်ခြင်းကျောန့် ငါလို့ဟ ပိုယွေ့ ဝမ်းမြောက်ကြအယ်။
သူ့ဟို နင်လို့ဆေဟို ငါစေလွှတ်ခြင်းမှာ ငါလို့အကျောန်းဟို နင်လို့ သိဆိနိန်ရန်နဲ့ သူဟ နင်လို့ရဲ့ စိတ်နေလုံးဟို နှစ်သိမ့်ပေးနိန်ရန် ဖြစ်အယ်။
ညီအကိုလို့ နင်လို့ထဲတွင် အားထုတ်လုပ်ဆောင်လျက်၊ ဘုရားသခင်နှိုက် နင်လို့ဟို စီမံအုပ်ချုပ်လျက် နင်လို့ဟို ဆုံးမပေးနေကြသော သူလို့ဟို ကြည်ညိုလေးစားကြရန် ငါအခု နင်လို့ဟို ပြောအယ်။
အဲလိုမို့ ငါ့ညီ၊ ငါဟ သခင်ဘုရားနှိုက် နင့်ဆေမှ အကျိုးကျေးဇူးဟို ရဆိလိုအယ်။ ခရစ်တော်အားဖြင့် ငါ့ရဲ့စိတ်နေလုံးဟို ငြိမ်သက်ချမ်းသာစေပါလော့။
ငါ့ညီ၊ သန့်ဆှင်းသူလို့ရဲ့ စိတ်နေလုံးဟ နင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုဟို ခံစားရပီဖြစ်ယွေ့ နင့်ရဲ့ ချစ်ခြင်းမေတ္တာကျောန့် ကြီးသော ဝမ်းမြောက်ခြင်းနဲ့ တိုက်တွန်းအားပေးခြင်းလို့ဟို ငါခံစားရအယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နင်လို့အား ဟောပြောခဲ့လဲ့ နင်လို့ရဲ့ ခေါင်းဆောင်များဟို သတိရကြလော့။ သူလို့ရဲ့ အသက်ဆှင် နေထိန်မှုမှ ပေါ်ထွက်လာလဲ့ အကျိုးတရားဟို ကျေ့ရှုဆင်ခြင်လျက် သူလို့ရဲ့ ယုံကြည်ခြင်းဟို အတုယူကြလော့။
ငါ့လူပဲ့သငယ်လို့ဟ သမ္မာတရားနှိုက် အသက်ဆှင် ဆော့က်လှမ်းနေကျောန်းဟို ကြားရတာထက် ဝမ်းမြောက်စရာ ကောင်းသော အရာဟ ငါနှိုက် မဆိ။