49 ငါလို့ဟ မြေမှုန့်မှ ဖန်ဆင်းထားသူရဲ့ ပုံသဏ္ဌာန်ဟို ဆောင်သလို ခေါန်းခင်ဘုံမှ ကြွလာသော သူရဲ့ ပုံသဏ္ဌာန်ဟို ငါလို့ ဆောင်ကြလိမ့်မယ်။
အဲအခါ ဖြောင့်မတ်သောလို့ဟ သူလို့အဖရဲ့ နိုင်ငံတော်တွင် နေလိုမျိုး ထွန်းလင်းတောက်ပလျက် နေကြလိမ့်မယ်။ ကြားရန် နားဆိသောသူ စသူမဆို ကြားပါစေ။
ဘုရားသခင်ဟ ကြိုရွေးချယ်ထားသော သူလို့ဟို မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။ အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ သားဦးအရာ ဖြစ်စေချင်သောကျောန့် ဖြစ်အယ်။
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
ကိုယ်တော်ဟ အရာခပ်သိမ်းဟို မိမိရဲ့ အာဏာစက်အောက်တွင် ရောက်စေသော တန်ခိုးတော်အားဖြင့် ငါလို့ရဲ့ သေကြေပျက်စီးတတ်သော ကိုယ်ခန္ဓာဟို မိမိရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံသော ကိုယ်ခန္ဓာနဲ့တူအောန် ပြောင်းလဲစေလိမ့်မယ်။
ချစ်ရသောသူလို့၊ အခု ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ အားပေမဲ့ နောင်ကာလတွင် ငါလို့ စလိုဖြစ်ကြမယ်ဟို ထင်ဆှားစွာ မသိသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းသောအခါ ကိုယ်တော်ဟို ပကတိအဖြစ်တော်အတိုင်း မျော်ရကြမယ် ဖြစ်ယွေ့ ငါလို့ဟ ကိုယ်တော်နဲ့ တူကြမယ်ဟို ငါလို့ သိကြအယ်။