31 ညီအကို မောင်နှမလို့၊ ငါဟ သေဘေးနဲ့ နေ့တိုင်း ရင်ဆိုင်ရအယ်။ ငါဟ နင်လို့အတွက် ဂုဏ်ယူဝါကြွားသဖြင့်၊ ငါဟ ငါလို့ သခင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သဖြင့် ဟေသို့ ပြောဆိုရခြင်း ဖြစ်အယ်။
သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။
ကျမ်းစာလာတာဟ “ကိုယ်တော်အတွက် ငါလို့ဟ အစဉ်မပြတ် သေခြင်းဘေးဟို ခံရကြပါအယ်။ သတ်ဖို့ရာထားလဲ့ သိုးလိုမျိုး ငါလို့ဟို သူတပါး မှတ်တတ်ကြအယ်” ဟု ဖြစ်အယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
သူလို့ဟ ခရစ်တော်ရဲ့ အစေခံ ဖြစ်ကြသလော။ ငါဟ သူရူးတယောက်လို ထင်ရပေမဲ့ ငါဟ သူလို့ထက် ပိုကောင်းလဲ့ အစေခံတယောက်ပါ။ ငါဟ အလုပ်ပိုကြိုးစားအယ်၊ ထောင်ထဲမှာ အကြိမ်များစွာ နေခဲ့အယ်၊ ကြိမ်ဒဏ်တွေလည်း ခံရအယ်၊ သေလုမျောပါးလည်း မကြာခဏ ရင်ဆိုင်ရအယ်။
အားပေမဲ့ ငါလို့ဟို ခရစ်တော်နှိုက် အမြဲတမ်း အောန်ပွဲခံစေယွေ့ ကိုယ်တော်ဟို သိသောဉာဏ်ရဲ့ ရနံ့ဟို နေရာတိုင်းနှိုက် ငါလို့အားဖြင့် ပျံ့နှံ့စေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါချီးမွန်းအယ်။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
ငါလို့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ရဲ့ဆေ့နှိုက် ငါလို့ရဲ့ မျှော်လင့်စရာအကျောန်း၊ ဝမ်းမြောက်စရာအကျောန်းနဲ့ ဝါကြွားစရာ သရဖူဖြစ်မဲ့သူမှာ စသူလုန်း၊ နင်လို့ပင် မဟုတ်လော။
အခု ငါလို့ဟ နင်လို့အတွက် ငါလို့ရဲ့ ဘုရားသခင်ဟို ကျေးဇူးတင်နိန်ပီ ဖြစ်အယ်။ နင်လို့ကျောန့် ကိုယ်တော်ရဲ့မျက်မှောက်တော်မှာ ငါလို့ ဝမ်းမြောက်ခြင်းရဆိလဲ့အတွက် သူ့ဟို ကျေးဇူးတင်တယ်။