20 အားပေမဲ့ ခရစ်တော်ဟ သေခြင်းမှ အမန်တကယ် ထမြောက်ယွေ့ အိပ်မွေ့သော သူလို့တွင် အဦးသီးသော အသီး ဖြစ်အယ်။
အဲလိုလဲ ဘုရားသခင်ဟ သူ့အား သေခြင်းမှ ထမြောက်စေပင်း သူ့ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်စေအယ်၊ ပစာကို့ အေးအဆှင်ဟို သေခြင်းဟ အစဉ်အမြဲ ကိုယ်တော်ဟို တုတ်ချေယွေ့ မရနိန်။
သူလို့ ဟောပြောခဲ့လဲ့အရာမှာ မေဆှိယဟ ဝေဒနာဟို ခံရလျက် သေသောသူလို့ထဲမှ ပထမဦးဆုံး ထမြောက်ပင်း ဣသရေလူများနဲ့ လူမျိုးခြားလို့အား ကယ်တင်ခြင်း အလင်းရောင်ဟို ကြေညာလိမ့်မယ် ဖြစ်အယ်” ဟု ချေပပြောဆိုအယ်။
ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။
အားပေမဲ့ လူအသီးသီးလို့ဟ မိမိလို့ အလှည့်အတိုင်း ဆှင်ပြန်ထမြောက်ရကြမယ်။ ခရစ်တော်ဟ အဦးသီးသော အသီးဖြစ်အယ်။ ခရစ်တော်ဟ ကြွလာသောအခါ တဘဲ့တော်ဖြစ်သော သူလို့ဟ ဆှင်ပြန်ထမြောက်ခြင်းသို့ ရောက်ကြလိမ့်မယ်။
အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။
ကိုယ်တော်ဟ အသင်းတော် တည်းဟူသော ကိုယ်ခန္ဓာရဲ့ ဦးခေါင်း ဖြစ်ယွေ့ ကိုယ်တော်ဟ သူ့ကိုယ်ခန္ဓာ အသက်ရဲ့ အရင်းအမြစ် ဖြစ်အယ်။ အဲသူဟ အရာခပ်သိမ်းလို့နှိုက် ပထမနေရာဟို ရနိန်စေရန်အတွက် သေခြင်းမှ ထမြောက်စေသော သားဦး ဖြစ်အယ်။
ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်အား ကျေးဇူးတော် ချီးမွန်းကြပါစို့။ ကြီးမားသော ကရုဏာတော်ကျောန့် ယေရှု ခရစ်တော်ဟို သေခြင်းမှ ထမြောက်စေခြင်းဖြင့် ငါလို့အား ဖဝါ့အသစ်ဟို ပေးအယ်။ ၎င်းဟ ငါလို့အား အသက်ဆှင်သော မျှော်လင့်ချက်ဖြင့် ပြေ့စေပင်း၊
သစ္စာဆိသော သက်သေ၊ သေသောသူလို့ထဲမှ ဦးရင် ဖွားမျော်လာသူ၊ ကမ္ဘာမြေကြီးရဲ့ ဆှင်ဘုရင်လို့ဟို အုပ်ချုပ်သူ ဖြစ်သော ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေ။ ငါလို့ဟို ချစ်ယွေ့ မိမိရဲ့ အသွေးတော်အားဖြင့် ငါလို့ အပစ်များမှ ဖြေလွှတ်ကာ
အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။