18 အဲအပြင် ခရစ်တော်ဟို ယုံကြည်ယွေ့ သေလွန်သွားသော သူလို့ဟလည်း ဆုံးရှုံးခြင်းသို့ ရောက်ကြပီ။
အဲပင်းရင် သူဟ ဒူးထောက်ယွေ့ “သခင်ဘုရား၊ ဟေအပစ်ဟို သူလို့အပေါ် တင်တော်မမူပါနဲ့” ဟု အသံကျယ်စွာ ကြွေးကြော်ပင်းနောက် အသက်ချုပ်လေအယ်။
အဲပင်းရင် ကိုယ်တော်အား ညီအကို ငါးရာကျော်လို့ဟ တပြိုင်နက် မျော်ရကြအယ်။ အဲသူလို့တွင် လူတချို့လို့ဟ သေလွန်ပင်း ဖြစ်သော်လည်း လူအများစုမှာ အခုတိုင်အောန် အသက်ဆှင်လျက် ဆိကြအယ်။
သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။
ကြွေးကြော်အမိန့်ပေးသံ၊ ခေါန်းခင်တမန်ရဲ့အသံ၊ ဘုရားသခင်ရဲ့ တံပိုးမှုတ်သံ၊ သခင်ဘုရား တတ်တိုင်း ခေါန်းခင်ဘုံမှ ဆင်းသက်လာလိမ့်မယ်။ ခရစ်တော်ကို ယုံကြည်ပင်း သေဆုံးသွားသူများဟ ဦးရင်ဆုံး ထမြောက်ကြလိမ့်မယ်။
အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။