38 အားပေမဲ့ စသူမဆို ဟေအရာဟို အသိမှတ် မပြုရင် အဲသူ့ဟ အသိမှတ်ပြုခြင်း ခံရမှာ မဟုတ်။
သူလို့အတွက် စိတ်မပူကြနဲ့၊ သူလို့ဟ မျက်မမြင်များဟို လမ်းပြလဲ့ မျက်မမြင်များ ဖြစ်ကြအယ်။ မျက်မမြင်တယောက်ဟ တခြားမျက်မမြင်တယောက်အား လမ်းပြသောအခါ သူလို့ နေယောက်စလုံးပင် တွင်းထဲဟို ကျလိမ့်မယ်” ဟု မိန့်အယ်။
“သန့်ဆှင်းသောအရာဟို ခွေးလို့အား မပေးကြနဲ့၊ သူလို့ဟ လှည့်ပင်း နင်လို့ဟို တိုက်ခိုက်လိမ့်မယ်။ နင်လို့ရဲ့ ပုလဲရတနာများဟို ဝက်လို့ဆေ့မှာ မချထားကြနဲ့၊ သူလို့ဟ အဲအရာလို့ဟို မိမိလို့ခြေဖြင့်နင်းချေပင်း သွားကြလိမ့်မယ်။
တစုံတယောက်ဟ မိမိကိုယ်ကို ပရောဖက် အဲဟာမဟုတ်ရင် ဝိညာဉ်ဆုကျေးဇူး ရဆိသောသူဖြစ်တာဟု ထင်မှတ်ရင် နင်လို့ဆေ ငါရေးလိုက်သော အကျောန်းအရာလို့ဟ သခင်ဘုရားရဲ့ ပညတ်ဖြစ်ကျောန်းဟို သူဟ သိမှတ်ရမယ်။
အဲလိုမို့ ညီအကို မောင်နှမလို့၊ နင်လို့ဟ ပရောဖက်ပြု ဟောပြောရန် လိုလားတောင့်တကြလော့။ အခြားသော ဘာသာစကား ပြောဆိုခြင်းဟိုလည်း မတားမြစ်ကြနဲ့။