23 အဲကျောန့် အသင်းဝင်သူအပေါင်းလို့ဟ စည်းဝေးယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ သာမန်လူလို့ဟ ဝင်လာရင် နင်လို့ဟို သူရူးဖြစ်ကြတာဟု ပြောမယ် မဟုတ်လော။
အစေခံ မသိလဲ့ နေ့၊ မမျော်လင့်လဲ့ အချိန်နှိုက် သခင် ပြန်လာပင်း သူ့ဟို အပိုင်းပိုင်း ခုတ်ဖြတ်ရန် ပြုလုပ်ယွေ့ ယုံကြည်ခြင်း ကင်းမဲ့သူလို့ ခံစားရမဲ့ ကံကြမ္မာဟို ခံစားစေလိမ့်မယ်။
သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောန့် သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။
အဲလိုလဲ အခြားသူများဟ “ဟေသူလို့သည် စပျစ်ယေ မူးယစ်နေသူများ ဖြစ်ကြအယ်” ဟု ယုံကြည်သူများအား ကဲ့ရဲ့ပြောဆိုကြအယ်။
ပေါလုဟ မိမိတတ်တိုင်း အေးနည်းလမ်းနဲ့ ချေပပြောနေစဉ် ဖေတ္တုမင်းဟ “ပေါလု၊ နင်ဟ ရူးလေပီ၊ အတတ်ကျုးယွေ့ အရူးဖြစ်ခဲ့ပီ” ဟု အော်ယွေ့ ပြောအယ်။
ပထမအကျောန်းမှာ၊ နင်လို့ဟ အသင်းတော်နှိုက် စည်းဝေးကြသောအခါ အချင်းချင်းကွဲပြားခြင်း ဆိတာဟို ငါကြားရအယ်။ ကြားရလဲ့အတိုင်း အချို့တဝက် မန်လိမ့်မယ်ဟု ငါယုံကြည်အယ်။