၁ ကောရိန္သု 14:15 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား15 အဲလိုမို့ စလို ငါ ပြုရမလုန်း။ ငါဟ စိတ်ဝိညာဉ်အားဖြင့် ဆုတောင်းရမယ်၊ အသိဉာဏ်အားဖြင့်နဲ့လည်း ဆုတောင်းရမယ်။ စိတ်ဝိညာဉ်အားဖြင့် သီချင်းဆိုရမယ်။ အသိစိတ်အားဖြင့်လည်း သီဆိုရမယ်။ အခန်းကိုကြည့်ပါ။ |
ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့ ဖြစ်အယ်။ ဝတ်ပြုကိုးကွယ်ရန် နင်လို့ စုဝေးကြသောအခါ တယောက်သောသူဟ သီချင်းအော်ခြင်း၊ နောက်တယောက်ဟ သွန်သင်ခြင်း၊ နောက်တယောက်ဟ ဗျာဒိတ်တော်ဟို ပြန်ကြားခြင်း၊ နောက်တယောက်ဟ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်း၊ နောက်တယောက်ဟ အနက်ဖော်ပြခြင်းလို့ဟို ဆောင်ရွက်ကြလော့။ နင်လို့ ဆောင်ရွက်သမျှသော အမှုလို့ဟ အသင်းဝင်သူအပေါင်းအား အကျိုးပြုရမယ်။
ခရစ်တော်ရဲ့ နှုတ်ကပတ်တရားဟ ပညာအမျိုးမျိုးနဲ့ နင်လို့အထဲနှိုက် ကြွယ်ဝစွာ တည်နေယွေ့ နင်လို့ဟ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနဲ့ ဝိညာဉ်ရေးဆိုင်ရာ သီချင်း အမျိုးမျိုးအားဖြင့်၊ အချင်းချင်းလို့ဟို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းဟို ပြုယွေ့ နူးညွတ်သော စိတ်နေလုံးနဲ့ ဘုရားသခင်ဆေ့နှိုက် တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။