10 အားပေမဲ့ စုံလင်ခြင်းသို့ ရောက်သောအခါနှိုက် မစုံလင်သော အရာလို့ဟ ကွယ်ပျောက်ကြလိမ့်မယ်။
ငါဟ လူပဲ့ဖြစ်စဉ်အခါ လူပဲ့လို စကားပြောအယ်။ လူပဲ့လို စိတ်ထင်အယ်။ လူပဲ့လို ကြံစည်အယ်။ အားပေမဲ့ အသက်ကြီးသောအခါနှိုက် လူပဲ့ရဲ့ အကျင့်များဟို ငါပယ်ဆှားအယ်။
အခုတွင် ငါလို့ဟ မန်အားဖြင့် ရိပ်မိလျက်သာ နေကြအယ်။ အဲအခါနှိုက် မျက်ဝါးထင်ထင် မျော်ရကြလိမ့်မယ်။ အခုတွင် ငါဟ စုံလင်စွာ မသိမမျော်ရ၊ အဲအခါနှိုက် ဘုရားသခင်ဟ ငါ့ဟို စုံလင်စွာ သိသလို ငါဟ စုံလင်စွာ သိရလိမ့်မယ်။
အခုမှာ ငါလို့ဟ မစုံမလင် သိတတ်ကြအယ်။ ပရောဖက်ဉာဏ်နဲ့ မစုံမလင် ဟောတတ်ကြအယ်။
ငါဟ အဲဆုဟို ရဆိပီ အဲဟာမဟုတ်ရင် စုံလင်ခြင်းသို့ ရောက်ပီဟု ဆိုလိုတာမဟုတ်ဘဲ ခရစ်တော် ယေရှုဟ အဲဆုအတွက် ငါ့ဟို ဖမ်းကိုင်ထားတာဖြစ်ယွေ့ ငါဟလည်း အဲဆုဟို ဖမ်းကိုင်နိန်ရန် ကြိုးစားလျက် ဆိအယ်။