26 ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ဝေဒနာခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူခံရကြအယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တခုဟ ချီးမွန်းခံရရင် အခြား အစိတ်အပိုင်းများဟလည်း အတူ ဝမ်းမြောက်ရကြအယ်။
အဲလိုလဲ ယေရှုဟ သူ့ဟို “အခုအတွက် အခွင့်ပေးလော့။ အကျောန်းမှာ ဟေနည်းအားဖြင့် ငါလို့ဟ ဘုရားသခင် အလိုဆိသမျှဟို ဟေသို့ ပြေ့စုံသင့်အယ်” ဟု မိန့်အယ်။ အဲလိုမို့ ယောဟန်ဟ သဘောတူလေအယ်။
နင့်ရဲ့ လက်ယာမျက်စေ့ဟ နင်ဟို မားယွင်းစေရင် အဲမျက်စေ့ဟို ဆယ်ယွေ့ လောပလိုက်လော့။ နင်ရဲ့ ခန္ဓာကိုယ်တခုလုံး ငရဲဟိုသွားရတာထက် ကိုယ်အင်္ဂါတခု ချို့တဲ့ရခြင်းဟ သာယွေ့ကောင်းအယ်။
ဝမ်းမြောက်သော သူလို့နဲ့အတူ ဝမ်းမြောက်ကြလော့၊ ငိုကနေသော သူလို့နဲ့အတူ ငိုကကြလော့။
အဲလိုမို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မဆိဘဲ အချင်းချင်းရဲ့ အကျိုးဟို ပြုစုလျက် ဆိကြအယ်။
နင်လို့အပေါင်းလို့ဟ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်။ နင်လို့အသီးသီးဟလည်း ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြအယ်။
ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။
နင်လို့ဟ အကျဉ်းခံရသူများနဲ့အတူ အကျဉ်းခံနေရသလို မှတ်ယူလျက် သူလို့အား သတိရကြလော့။ မိမိလို့တတ်တိုင်း ဒုက္ခဝေဒနာ ခံရသလို ဒုက္ခဝေဒနာ ခံရသူများဟို သတိရကြလော့။
နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။