28 အဲကျောန့် လူတိုင်း မိမိတတ်တိုင်းဟို စစ်ဆေးပင်းမှ မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်စေ။
တဘဲ့တော်လို့ဟ ရမ်းဆာ့ စိတ်မချမ်းမသာဖြစ်ကြလျက် စတင်ပင်း “သခင် ငါလော” ဟု တဦးပင်း တဦး မေးဆှောက်ကြအယ်။
မုန့်ဟို စားယွေ့ မုတ်မှ စပျစ်ယေဟို သောက်သောအခါ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာ အနက်အဓိပ္ပာယ်ဟို မသိမနားလည်သောသူဟ မိမိအပေါ်သို့ အပစ်ဒဏ် ကျရောက်စေရန် စားသောက်သောသူ ဖြစ်အယ်။
ငါလို့ဟ မိမိလို့တတ်တိုင်းဟို ဦးရင် စစ်ဆေးကြမယ် ဆိုရင် ဟေသို့ ဘုရားသခင်ရဲ့ စီရင်ခြင်းဟို ခံရကြလိမ့်မယ် မဟုတ်။
နင်လို့ဟ ယုံကြည်ခြင်းနှိုက် တည်ကြည်ခြင်း ဆိ၊ မဆိ မိမိတတ်တိုင်း ဆန်းစစ်ကြလော။ နင်လို့အထဲနှိုက် ခရစ်တော် ယေရှုဆိကျောန်း နင်လို့တတ်တိုင်း မသိကြသလော အဲဟာမဟုတ်ရင် နင်လို့ဟ စုံစမ်းစစ်ဆေးခြင်းနှိုက် ကျရှုံးသောသူများ ဖြစ်လေပီလော။
တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။