33 နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလိုစိတ်ဟို ဆိစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။
အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။
စသူမျှ ကိုယ်အကျိုးဟို မဆာကြစေနဲ့။ သူတပါးရဲ့ အကျိုးဟိုသာ ဆာစေ။
မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ့်အကျိုးဟို မဆာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပစ်ဆိအယ်ဟု မထင်တတ်။
အခု ငါဟ နင်လို့ဆေဟို တတိယကြိမ်လာရန် အသင့်ဆိအယ်၊ အားပေမဲ့ နင်လို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ် မဟုတ်။ အကျောန်းမှာ ငါဟ နင်လို့ရဲ့ ဥစ္စာများဟို အလိုဆိတာ မဟုတ်၊ နင်လို့ဟိုသာ အလိုဆိအယ်။ လူပဲ့သငယ်လို့ဟ မိဘလို့အတွက် စုဆောင်းရတာ မဟုတ်ဘဲ မိဘလို့ဟသာ လူပဲ့သငယ်လို့အတွက် စုဆောင်းရအယ်။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ငါအခု လူတွေရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ သဘောတူညီချက်ဟို ရယူဖို့ ကြိုးစားနေသလော၊ အဲဟာမဟုတ်ရင် ငါလူလို့ဟို နှစ်သက်အောန် ကြိုးစားနေသလော။ ငါဟ လူတွေဟို နှစ်သက်အောန် ကြိုးစားနေသေးရင်၊ ငါဟ ခရစ်တော်ရဲ့ အစေခံဖြစ်မယ် မဟုတ်ပါ။
လူအပေါင်းလို့ဟ ကိုယ့်အကျိုးဟိုသာ ဆှာကြအယ်။ ယေရှု ခရစ်တော်ရဲ့ အကျိုးဟို မဆှာကြ။
သူလို့ဟ ကယ်တင်ခြင်းသို့ ရောက်စေမဲ့ တပါးအမျိုးသားလို့အား ဟောပြောခြင်းမှ ငါလို့အား တားဆီးရန်ပင် ကြိုးစားခဲ့ကြအယ်။ ဟေနည်းဖြင့် သူလို့ဟ အမြဲကျူးလွန်ခဲ့သော အပစ်များဟို ထပ်ထပ်ပင်း လုပ်ကြအယ်။ နောက်ဆုံးနှိုက် သူလို့အပေါ်ဟို ဘုရားသခင်ရဲ့ အမျက်တော်ဟ အကုန်အစင် သက်ရောက်လေပီ။