26 အကျောန်းမှာ “ဟေလောကနဲ့ လောကနှိုက် ဆိသမျှသောအရာလို့ဟို သခင်ဘုရား ပိုင်အယ်” ဟု ကျမ်းစာဟ ဆိုအယ်။
အားပေမဲ့ လူတစုံတယောက်သည် “ဟေအရာဟ ယဇ်ပူဇော်သော အသားဖြစ်အယ်” ဟု ဆိုလျှင် ဟေသို့ပြောဆိုသူနဲ့ ဩတ္တပ္ပစိတ်ဟို လည်းကောင်း ထောက်ယွေ့ အေးအသားဟို မစားကြနဲ့။
ဘုရားသခင် ဖန်ဆင်းထားသောအရာ ဆိသမျှဟ သုံးဆောင်ထိုက်တာ ဖြစ်ယွေ့ စလို အစားအစာဟိုမျှ ဆှောင်ကြဉ်ရန် မလိုဘဲ အစားအစာ ဆိသမျှဟို ကျေးဇူးတော် ချီးမွန်းလျက် ခံယူရကြမယ်။
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။