29 အဲကျောန့် ဘုရားသခင်ဆေ့နှိုက် စသူမျှ ဝါကြွားစရာအကျောန်း မဆိ။
ခရစ်တော် ယေရှုအားဖြင့် တလုံးတဝတည်းဆိရင် ဘုရားသခင်ရဲ့ အစေခံခြင်းဟို ဂုဏ်ယူနိန်အယ်။
ပညတ်တရား ဆိုထားသမျှလို့ဟ ပညတ်တရား အောက်နှိုက် ဆိသော သူများအတွက် ဆိုထားကျောန်း အခု ငါလို့ သိကြအယ်။ အဲလိုမို့ စလောင်ဆိသမျှဟ ပိတ်ထားခြင်း ခံရယွေ့ လောကီသားအပေါင်းလို့ဟ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း လက်အောက်ဟို ကျရောက်ကြရန် ဖြစ်အယ်။
သို့ဖြစ်ရင် ငါလို့ဟ ဝါကြွားနိန်စရာအကျောန်း ပစာနားမှာ ဆိမလုန်း၊ အေးအကျောန်းပြချက်ဟ ဘာလဲ။ ပညတ်တရားဟို ငါလို့ ကျင့်သုံးခြင်း အားဖြင့်လော။ မဟုတ်ပါ။ ငါလို့ ယုံကြည်လဲ့အတွက်ကျောန့် ဖြစ်အယ်။
အာဗြဟံဟ အကျင့်အားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခံရတာ မန်ရင် သူနှိုက် ဝါကြွားစရာအကျောန်း ဆိပေမဲ့ ဘုရားသခင် ဆေ့တော်နှိုက် အေးလို့ မဟုတ်ပေ။
အဲလိုမို့ ကျမ်းစာလာတာနဲ့အညီ၊ “စသူမဆို ဝါကြွားလိုရင် သခင်ဘုရားနှိုက်သာ ဝါကြွားစေ” ဟု ပြောထားအယ်။
စသူဟ နင်လို့အား သူတပါးထက် ထူးကဲစေလုန်း။ နင်လို့တွင် ဆိသမျှသောအရာလို့ဟ ဘုရားသခင် ချပေးသောအရာများ မဟုတ်လော။ နင်ခံယူ ရဆိခဲ့လဲ့အရာဖြစ်တာ မန်ရင် ခံယူရဆိခဲ့လဲ့အရာ မဟုတ်သလို ပစာကျောန့် နင်လို့ ဝါကြွားလုန်း။
နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”