15 အဲလိုမို့ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်း ခံယူကြအယ်ဟု စသူမျှ မပြောနိန်။
အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။
သူလို့ဟ မိမိလို့ရဲ့ အပစ်များဟို ဖော်ပြဝန်ခံကြပင်း၊ ယောဟန်ဟ ယော်ဒန်မြစ်တွင် သူလို့အား နှစ်ခြင်းဟို ပေးအယ်။
မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေဟို ဆှာတတ်အယ်၊ အဲလိုလဲ မိမိဟို စေလွှတ်သောသူရဲ့ ဘုန်းအသရေဟို ဆှာသောသူဟတော့ ဖြောင့်မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆိ။
ကရိပ္ပုနဲ့ ဂါယုမှ လွဲယွေ့ နင်လို့အထဲမှ စသူ့ဟိုမျှ ငါဟ နှစ်ခြင်း မပေးလဲ့အတွက် ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
သတေဖန်ရဲ့ အိုင်သူအိုင်သားလို့လည်း ငါ နှစ်ခြင်း ပေးခဲ့အယ်၊ အဲသူလို့မှ လွဲယွေ့ အခြားစသူ့ဟိုမျှ နှစ်ခြင်းပေးတာဟို ငါ မမှတ်မိ။
ဘုရားသခင်ဟ နင်လို့ဟို သဝန်တိုစိတ်ဆိသလို ငါဟ နင်လို့ဟို သဝန်တိုစိတ် ဆိအယ်၊ နင်လို့ဟ ခရစ်တော် တဦးတည်းနဲ့ စုံဖက်ထိမ်းမြားရန် ငါကတိပြုထားလဲ့ အပျိုစင်နဲ့ တူကြအယ်။